Thursday, August 4, 2011

လက်ဆောင်

ခေါင်းမှာ ဆောင်းဖို့ အတွက် ငြိမ်းချမ်းမှု
မျက်နှာမှာ ဆင်မြန်းဖို့ အတွက် အပြုံး
ခန္ဓာကိုယ်မှာ ဝတ်ဆင်ဖို့ အတွက် နွေးထွေးမှု
ခန္ဓာကိုယ်မှာ လွှမ်းခြုံဖို့ အတွက် အကြင်နာ
ခြေထောက်မှာ စီးဖို့ အတွက် ငါ
နေဖို့အတွက် လုံခြုံမှု
ခန္ဓာကိုယ် အာဟာရ အတွက် ငါ့အချစ်
လည်မှာဆွဲဖို့ အတွက် သစ္စာ
လက်မှာပတ်ဖို့ အတွက် စေတနာ
လက်ကိုင် ပိုက်ဆံအိတ် အတွက် ယုံကြည်မှု
ရင်မှာထိုးဖို့ အတွက် အေးချမ်းမှု
လက်ချောင်းလေးမှာ ဝတ်ဖို့ အတွက် နားလည်မှု
တစ်ကိုယ်လုံး မွှေးကြိုင်နေဖို့ အတွက် မြတ်နိုးမှု
လိုသလိုသုံးဖို့ အတွက် ခွင့်လွှတ်မှု
                                                                 နေသွေးနေ (မင်းအတွက်ငါ့ရဲ့ ထာဝရလက်ဆောင်)

No comments:

Post a Comment