Thursday, November 25, 2010

မွေးရာပါ..

လူတိုင်းမှာ အတိတ်၊ ပစ္စုန်ပ္ပန် နဲ့ အနာဂတ်ကိုယ်စီရှိကြတယ်...
အတိတ်ဆိုတာက လေ့လာသင်ယူရန် နှင့် နောက်ထပ်မမှားရန် သင်ခန်းစာ...
ပစ္စုန်ပ္ပန်ဆိုတာက အမှားများကို အတိတ်နှင့် အနာဂတ်တွင်
ထပ်မတိုးအောင် နှင့် ထပ်မဖြစ်အောင် လုပ်ရသော သင်ခန်းစာ...
အနာဂတ်ဆိုတာက အမှားများကို ထပ်မလုပ်အောင် စီစဉ်တွေးတောရသော သင်ခန်းစာ...
ဒါပေမယ့် လူတွေက အတိတ်မှာ နေဖို့ ဒါမှမဟုတ် အနာဂတ်မှာ နေဖို့ပဲ စဉ်းစားကြတယ်
ပစ္စုန်ပ္ပန်မှာတော့ နေဖို့မေ့နေကြတယ် ပစ္စုန်ပ္ပန်ကနေပြီး အတိတ်ကိုရော
အနာဂတ်ကိုရော ဇောက်ထိုးဖြစ်သွားအောင် လုပ်နိုင်တယ်ဆိုတာကို သတိမရကြဘူး...
ပစ္စုန်ပ္ပန်ကနေပြီး အတိတ်ရော အနာဂတ်ရော ဖြစ်သွားတယ် ဆိုတာကိုသတိမရကြဘူး...
ပစ္စုန်ပ္ပန်မှာသာ လူတွေနေကြမယ်ဆိုရင် စိတ်ကြေနပ်မှုတွေ ရကြပါလိမ့်မယ်...


 နေသွေးနေ (ဟောဗျာ ကျွန်တော် ဒီစာရေးနေတာတောင် အတိတ်ဖြစ်သွားပြီ....)

သူတို့ပြောတဲ့အချစ်ဆိုတာ....

သူတို့ပြောတဲ့ အချစ်

ဘာကို ရိုမန်တစ်ဖြစ်တယ်လို့ ခေါ်သလဲ?
ကောင်မလေးက သူ့ကို မချစ်မှန်းသိရက်နဲ့ ကောင်မလေးကို နှင်းဆီပန်း ၉၉၉ပွင့်
လက်ဆောင်ပေးတာကို ခေါ်တယ်။

ဘာကို ဖြုန်းတီးတယ်လို့ ခေါ်သလဲ?
ကောင်မလေးက သူ့ကိုချစ်မှန်း သိရက်နဲ့ နှင်းဆီပန်း ၉၉၉ပွင့်
လက်ဆောင်ပေးတာကို ခေါ်တယ်။

လူသတ္တ၀ါဆိုတာ ငှက်နဲ့တူတယ်။ အတောင်တစ်စုံစီ ရှိကြတယ်။ တောင်ပံတစ်ခုက
ယောက်ျား၊ တစ်ခုက မိန်းမ။ တူညီတဲ့ အင်အားနဲ့ သန်မာတဲ့ အတောင်နှစ်ခုကို
တက်ညီလက်ညီ ခပ်ပေးမှ ကောင်းကင်အမြင့်ကို ပျံသန်းနိုင်မှာဖြစ်တယ်။

လက်ထပ်ခြင်းဆိုတာ အချစ်ရဲ့ သင်္ချိုင်းတဲ့။ ဒါပေမဲ့ လက်မထပ်ခဲ့ရင် အချစ်က
မြုပ်နှံရာ နေရာမရှိဘဲ သေဆုံးသွားလိမ့်မယ်။

မိန်းမတစ်ယောက်ကို လက်ထပ်လိုက်ပြီးနောက် အဲဒီယောက်ျားဟာ သူ့ရှေ့ရေးကို
ဘယ်တော့မှ စိတ်မပူတော့ဘူး။ ယောက်ျားတစ်ယောက်ကို လက်ထပ်ပြီးနောက်
အဲဒီမိန်းမဟာ သူ့ရှေ့ရေးကို အမြဲစိတ်ပူနေတတ်တယ်။

ဇနီးမောင်နှံဆိုတာ တူတစ်စုံနဲ့တယ်။ တစ်ချောင်းနဲ့တစ်ချောင်း မခွဲမခွါ
အတူနေရပြီး ချို၊ ချဉ်၊ ဖန်၊ စပ်.... ဟင်းအရသာတွေလို ဘ၀ရဲ့ ချိုမြိန်မှု၊
ခါးသီးမှုတွေကို အတူတကွ ခံစားကြရတယ်။ ဒီလိုတူက တစ်ခါသုံးတူ မဟုတ်ဘဲ
ကြာရှည်အသုံးခံ၊ အကြမ်းခံတဲ့ ဆင်စွယ်တူဖြစ်ရမယ်။

ယောက်ျားလေး ပိုက်ဆံထုတ်ရှင်းတာ ချစ်သူကြောင့်မို့၊
မိန်းကလေး ပိုက်ဆံထုတ်ရှင်းတာ လင်မယားကြောင့်မို့၊
ယောက်ျားလေးရော၊ မိန်းကလေးရော ပိုက်ဆံလုရှင်းကြတာ သူငယ်ချင်းတွေမို့လို့။

လက်ထပ်တယ်ဆိုတာ ၁+၁=၂ မဟုတ်ဘူး။ ၀.၅+၀.၅= ၁ ပဲဖြစ်တယ်။
ကိုယ်စီမှာရှိတဲ့ ဥပဓိရုပ်တွေကို ခွာချ၊ အတ္တမာနတွေ ခွာချ၊ အပြစ်အနာအဆာတွေ
ခွာချပြီး တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်လိုက်တာဖြစ်တယ်။

အကောင်းဆုံး ကုန်ပစ္စည်းက ကြော်ငြာထဲမှာပဲရှိတယ်။
လုံးဝ ပြီးပြည့်စုံတဲ့လူက ကဗျာထဲမှာပဲရှိတယ်။
လုံးဝ အပြစ်ကင်းတဲ့ အချစ်က ၀တ္ထုထဲမှာပဲရှိတယ်။
ချွတ်ယွင်းချက်မရှိတဲ့ အိမ်ထောင်ဆိုတာ အိပ်မက်ထဲမှာပဲရှိတယ်။
အကောင်းဆုံးကို လူတိုင်းလိုချင်ကြတယ်။ အကောင်းဆုံးကိုရဖို့
မျှော်ကိုးနေလို့ မဖြစ်ဘူး။ ကိုယ်တိုင်ရှာဖွေ ကျင့်သုံးမှ ရမယ်။
ကျွန်တော်ရေးထားတာမဟုတ်ပါ.

မိခင်....

မိခင်ဆိုတာ...
တစ်ခါတုန်းက ကောင်လေးတစ်ယောက်.
သူ့မိခင်ကို သူလုံးဝမကြည်ခဲ့.
အကြောင်းအရင်းကတော့ သူ့မိခင်ရဲ့ ပါးတစ်ဖက်မှာ အမာရွတ်ကြီးတစ်ခုရှိနေခဲ့လို့ပါ.
သူ့မိခင် ကျောင်းကြိုကျောင်းပို့လုပ်တဲ့အခါ သူ့သူငယ်ချင်းတွေက ၀ိုင်းလှောင်ကြတယ်.
သူက သူ့မိခင်ကို လာမကြိုခိုင်းပဲ ကိုယ့်ကိုယ်ကို အသွားအပြန်လုပ်မယ်ဆိုတော့လည်း သူ့မိခင်က သားလေးတစ်ယောက်တည်းကို စိတ်ပူလို့တဲ့.
ဒါနဲ့ သူလည်း လက်လျှော့လိုက်ရတယ်.
ဒါပေမယ့် စိတ်ထဲမှာတော့ သူ့မိခင်ကို သူလုံးဝအမြင်မကြည်ခဲ့ပါဘူး.
သူ့မိခင်ကြောင့် သူအလှောင်ခံ အပြောင်ခံရတယ်လို့ပဲ စိတ်ထဲက နာကြည်းနေတာပေါ့.
ဒါကြောင့်လည်း သူ့မိခင်ရဲ့အမာရွတ်အကြောင်းကို တစ်လုံးတစ်ပါဒမှ မမေးခဲ့ဘူး.
တစ်နေ့မှာတော့.
သူကျောင်းမှာ ဆုရတော့ ဆုပေးပွဲနေ့မှာ သူ့မိခင်နဲ့အတူ ကျောင်းကိုသွားခဲ့တယ်.
ကျောင်းရောက်တော့ ခန်းမထဲဝင်တော့မယ့်ဆဲဆဲမှာ သူ့သူငယ်ချင်းတွေရဲ့မိခင်တွေဟာ သူ့မိခင်လို့ အမာရွတ်မရှိဘဲ ဆုပေးပွဲတက်လာတာတွေ့တော့ သူအားငယ်သွားတယ်.
သူ့မိခင်ကိုလည်း သူနာကြည်းမိတယ်.
အဲ့မှာတင် သူ့မိခင်ကို အထဲလိုက်မ၀င်နဲ့ဆိုပြီး အော်ပြောမိတယ်.
သူ့မိခင်ဟာ ဒီစကားကိုကြားတော့ စိတ်မကောင်းဖြစ်ပြီး ခန်းမထဲကို လိုက်မ၀င်ခဲ့ဘူး.
ဒါနဲ့ ကောင်လေးဟာ ဆုယူပြီးတာနဲ့ ခန်းမထဲက ထွက်လာတဲ့အခါ သူ့မိခင်ကိုမတွေ့တော့ဘူး.
သူလည်း လိုက်မရှာတော့ပဲနဲ့ သူ့အတန်းပိုင်ဆရာမကိုနှုတ်ဆက်ဖို့ အတန်းဆီကိုသွားတယ်.
အတန်းဝရောက်တော့ သူ့ခြေလှန်းတွေ တုန့်ခနဲရပ်တန့်မိတယ်.
ဘာလို့လဲဆိုတော့ သူ့အမေနဲ့ဆရာမနဲ့စကားပြောနေတာကို တွေ့သွားလို့ပါပဲ.
သူ့အမေကိုလည်းတွေ့ရော နောက်ကြောင်းပြန်လှည့်မယ်အလုပ်မှာ.
သူ့အမေပြောတဲ့စကားအချို့ကို ကြားလိုက်ရတယ်.
'ဒီအမာရွတ်ကလား. သားလေး မွေးကင်းစတုန်းကပေါ့. အိမ်မှာ မီးလောင်တော့ သားလေးပေါ်ကို ထုပ်တန်းတစ်ခုကျလာတယ်လေ. အဲ့ဒီမှာ သားလေးထိခိုက်သွားမှာစိုးလို့ ကျွန်မက ၀င်ခံပေးလိုက်ရင်းနဲ့ ဒီပါးပေါ်က အမာရွတ်ကို ရလာတာပါ. အမာရွတ်ရသွားပေမယ့် သားလေးကို ကယ်လိုက်နိုင်တဲ့အတွက် ကျွန်မ ဘယ်တော့မှဝမ်းမနည်းပါဘူး'
ဒီစကားကိုကြားလိုက်ရတဲ့အခါ ကောင်လေးဟာ သူအမှားကြီးမှားသွားခဲ့တယ်ဆိုတာ သိလိုက်ရတယ်.
ဝမ်းနည်းစိတ်၊ နောင်တတွေနဲ့အတူ မျက်ရည်တွေကျမိတယ်.
နောက်ကြောင်းပြန်မယ့် သူ့ခြေလှမ်းကိုလည်း ရပ်တန့်လိုက်ပြီး သူ့မိခင်ရှိရာကို ပြေးသွားတယ်.
နောက်တော့ သူ့မိခင်ကို တင်းတင်းကျပ်ကျပ်ဖက်ရင်း စကားတစ်ခွန်းပြောတယ်.
'အမေ. သားတောင်းပန်ပါတယ်'
'ရပါတယ်. သားရယ်. သားအနေနဲ့လည်း အမေ့ကြောင့် အလှောင်အပြောင်ခံရတဲ့အတွက် စိတ်နာနေမယ်ဆိုတာ အမေနားလည်ပါတယ်'
ဒီနောက်ပိုင်းမှာတော့ သူ့အမေရဲ့အမာရွတ်ကြောင့် သူစိတ်မကောင်းမဖြစ်တော့ပါ. စိတ်လည်းမနာတော့ပါ.
ဘာလို့လဲဆိုတော့ သူ့မိခင်ရဲ့ပါးပေါ်က အမာရွတ်ဟာ သူ့အတွက် စိတ်နာစရာမဟုတ်ဘဲ ဂုဏ်ယူစရာ ဖြစ်သွားလို့ပါ.

ဒီပုံပြင်လေးကတော့ ဆောင်းတို့ ငယ်စဉ်ကတည်းက ဖတ်ခဲ့ဖူးတဲ့ အိပ်ရာဝင်ပုံပြင်လေးတစ်ပုဒ်ပါ.
ပုံပြင်ထဲကမိခင်မှမဟုတ်ပါဘူး. ကမ္ဘာပေါ်မှာ ရှိသမျှ မိခင်တိုင်းဟာ ကိုယ့်သားသမီးတွေကို အချစ်ဆုံးပါ. ကိုယ့်သားသမီးနဲ့ပတ်သက်လာရင် ဘာမဆိုရင်ဆိုင်ဝံ့တဲ့ သူရဲကောင်းတွေပါ. သူတို့ရဲ့ ပုခက်လွှဲတဲ့လက်ဟာ လောကတစ်ခုလုံးကို နွေးထွေးမှုတွေ ပေးစွမ်းနိုင်ပါတယ်. သူတို့ရဲ့ ပုခက်လွှဲတဲ့လက်ဟာ လောကတစ်ခုလုံးကို ကိုင်လှုပ်စေမယ့်လက်အစုံပါပဲ.
  ကျရောက်မည့် မိခင်များနေ့အတွက်ကို ဂုဏ်ပြုလျက်...
ကျွန်တော်ရေးထားခြင်းမဟုတ်ပါ.

မိန်းကလေးများအတွက်...

ပုံပြင်အစ

တစ်ခါတုန်းက

ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား ........

"ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ"
ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က

"ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့ လား"
ဟုမေးလိုက်လေ၏ ။

နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။

ဘုရားသခင်ကဆက်ပြောပြသည် ။

ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း အားညွှန်ပြလိုက်ပြီး....

"ဒီလက်နှစ်ချောင်းနဲ့ သူမဟာ အ၀တ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ ဒီရွေ့ လုပ်နိုင်တယ် ။ အစားအသောက်မျိုးစုံကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင် ကလေးငယ်တွေကို တစ်ကြိမ်တည်းမှာ ချီမပြုစုနိုင်တယ် ။ နောက်ပြီး ဒူးနာနေတာကနေစပြီး အသည်းကွဲနေတာအထိ သူမက ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်တယ် "
ဟု ဖန်တီးနေရင်းမှ ရှင်းပြသည် ။

ဘုရားသခင်၏စကားကြောင့် နတ်သမီးမှာ လူသားမိန်းမကို အထင်ကြီးလေးစားသွား၏ ။

"လက်နှစ်ဖက်ထဲနဲ့ အဲ့ဒါတွေ အကုန်လုံးလုပ်လို့ ရတယ် ...... မဖြစ်နိုင်တာ ."
ဟုပြောပြီးခေါင်းခါနေပြန်၏ ။

ထို့ နောက် ဘုရားသခင်အားတစ်ချက်ကြည့်လိုက်ပြီး ...

"ဒါဟာလူသားမိန်းမ ဖြစ်ပေါ်ရမဲ့ ပုံစံ အပြည့်အစုံပဲလား"
ဟုထပ်မေးပြန်၏ ။

"ဒီနေ့ တော့ သူမကို ဖန်တီးရတာတွေအရမ်းများနေပြီ ..မနက်ဖြန်ကို တစ်ချက်ကြည့်ပါဦး ၊ အဲ့ဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ ရလိမ့်မယ်"
ဘုရားသခင်က ဆက်ပြောပြန်၏ ။

"ဒီနေ့ မှာတော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ပြီးနေပါပြီ ။ ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ "

"..........."

"နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် သူမဟာ သူမဘာသာ သူမ ပြုစုစောင့်ရှောက်တတ်တယ် ။ ပြီးတော့ တစ်နေ့ မှာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်တယ် ။

နတ်သမီးသည် ဘုရားသခင် စကားကို နားထောင်နေရင်း မှ လူသားမိန်းမ အနီသို့ တိုးသွား၏ ။ ထို့ နောက် လူသားမိန်းမ ကို တို့ ထိကြည့်လိုက်၏ ။

"နူးညံ့လွန်းလှချည်လား

"ဟုတ်တယ် နူးညံ့တယ် ။ ဒါပေမဲ့ စိတ်ဓာတ် သန်မာအောင်တော့ ဖန်တီးထားတယ် ။ အခက်အခဲတွေ ၊ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်"

"သူမကတွေးတတ်လား"
ဟုနတ်သမီးကမေးလိုက်ပြန်ပါသည် ။

"တွေးတတ်ယုံတင်မကပါဘူး ။ ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပြီး ညှိနှိုင်းမှုတွေကိုလည်း လုပ်တတ်သေးတယ်"

နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်၏

"ဟင်..ဒီမှာ အရေတွေ စိမ့်ကျနေပါလား ။ ဖန်ဆင်းထားတာတွေများလွန်းလို့ သူမမှာ ၀န်တုတ်ဝန်ပိုး ဖြစ်နေပြီလား မသိဘူး"

"ဒါဟာ အရည်တွေစိမ့်ကျတာမဟုတ်ပါဘူး ။ အဲ့ဒါကို မျက်ရည်လို့ ခေါ်ပါတယ်"

"ဘာအတွက်လဲ"

"သူမရဲ့ ဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့ နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေ စတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့ အတွက်ပါ"

ထိုအခါ နတ်သမီးသည် လူသားမိန်းမအတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာ အထင်ကြီးသွားလေ၏ ။

"သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ် ။ အရာရာ အားလုံးကိုလည်း စစ်စစ်ပေါက်ပေါက်တွေးတောနိုင်ပေတယ် ။ သင်အခု ဖန်တီးထားသော လူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံး ဖြစ်လာပါလိမ့်မယ်"
ဟုဆိုလိုက်သည် ။

ဘုရားသခင်က နတ်သမီးစကားကို တစ်ချက် ပြုံးလိုက်သည် ။

"ဟုတ်တယ် ... လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာ လူသားယောင်္ကျားတွေ အံ့သြသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ် ။ မိသားစုရဲ့ ဒုက္ခတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်"

"သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေ ဖြစ်ပေါ်လာနိုင်တယ် ။ ကြောက်ရွံ့ မှုတွေတွေ့ ကြုံခံစားနေရတောင်တာမှ သူမက ပြုံးပြနိုင်တယ်"

"အဲ့ဒီလောက်တောင်ပဲလား"

"ဒါ့အပြင် ငိုကြွေးရမယ့် ဒုက္ခတွေကြုံလာချိန်မှာလည်း သူမက သီချင်းဆိုတယ် ။ ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ။ ကြောက်ရွ့ံတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် "

"အို"

"သူ့ မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ် ။ သူမဟာ သူ့ မိသားစုအတွက် အခရာလို့ ခံယူထားတတ်ပြီး မိသားစု အောင်မြင်ခြင်းဟာလည်း သူ့ အပေါ်မှာတည်မှီနေတယ်လို့  ယူဆထားတတ်တဲ့ လူသားတစ်မျိုးပါ ။ သူမရဲ့ နှလုံးသား ဟာ ပုံသဏ္ဍာန်အမှန်မရှိပါဘူး"

"သူမရဲ့ သားသမီးတွေ အောင်မြင်နေတာကြည့်ပြီး ငိုကြွေးရင်လည်း ငိုကြွေးနေတတ်သေးတယ် ။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ ကြားရရင်လည်း တစ်စုံတစ်ဦးအတွက် ဂုဏ်ယူနေတတ်သေးတယ်"

နတ်သမီးမှာ ဘုရားသခင်စကားကို နားထောင်နေရင်း သဘောကျနေပုံရ၏ ။ ဘုရားသခင်က လူသားမိန်းမ၏ နောက်အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေပြ၏ ။

"သူမရဲ့ နှလုံးသားဟာ ဆွေမျိုးမိသားစုထဲက တစ်ယောက်ယောက် ၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ဆုံးတယ်လို့ သတင်းကြားရရင်ပဲ ကွဲကြေတတ်ပါတယ် ။ ဒါပေမဲ့ .... သူမဟာ ထိုကြေကွဲမှုတွေကို ဘ၀ရဲ့ ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုတတ်သေးတယ်"

"............"

"အနမ်းရယ် ၊ယုယတဲ့ ထွေးပွေ့ မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာ ကိုလည်း သူမကသိသေးတယ်"

"ဒါပေမဲ့ သူမမှာ ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်"

"ဘယ်လို"

နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏

"ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ ပြောတာပါ"

"ဘာချို့ ယွင်းချက်လဲ"

"သူမဟာ သူမရဲ့ အဲ့ဒီလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်"

"ဟင်"

"နောက်ပြီး သူမဟာ ကမ္ဘာလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူ့ ကိုသူ အမြဲတမ်းလည်း မေ့နေတတ်တယ်"
ဟုပြောပြီး သူ၏ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏ ။
ပုံပြင်အဆုံး

ဒီပုံပြင်လေးက ဘာကိုပြောချင်တာလဲဆိုတာ သိလောက်ပြီထင်ပါတယ် ။ တစ်ချို့ မိန်းကလေးတွေ တွေ့ နေရပါတယ် ။ အသည်းကွဲလို့ စိတ်ညစ်ပြီးးးးးးးး.. စိတ်ထဲရှိတဲ့ အတိုင်းတွေ လျှောက်လုပ်လို့ ဘ၀ဆုံးသွားတဲ့ အဖြစ်အပျက်ကလေးတွေပေါ့ ။ ဒီပုံပြင်လေးကို ဖတ်ပြီး မိမိကိုယ်မိမိ အားတင်းပြီးအသည်းကွဲမနေပဲ လောကကြီးကို ခေါင်းမော့ရင်ကော့ ပြီးဆက်ဆံလိုက်ပါလို့ ...ပြောကြားရင်း .... .

ဒီပုံပြင်လေးဟာ လူနေ (နတ်သမီးအဆောင်)ဆိုတဲ့ ၀တ္ထု စာအုပ်ကလေးထဲက ဇာတ်လိုက်မင်းသားလေးကို သူ့ အဖေက ပြောပြနေတဲ့ ပုံပြင်လေးဖြစ်ပါတယ် ။ ၀တ္ထုစာအုပ်လေးက sample အဖြစ်ထုတ်ထားတာမို့ လို့ တော်တော်တော့ ရှာဝယ်ရမှာပါ ။ ဖတ်ကြည့်လိုက်ပါ အရမ်းကောင်းပါတယ် ။ လူနေရဲ့ ပရိသတ်တွေ သိပြီးသားနေမှာပါ ။ လူနေ ရဲ့ စာအရေးအသားကို ။ ဘယ်လို အကြောင်းအရာလေးလဲဆိုတော့ အသည်းကွဲနေတဲ့ ကောင်မလေး တစ်ယောက်ကို လမ်းမှန်ပြန်ရောက်အောင် ကောင်လေးတစ်ယောက်က ဘယ်လို ပို့ ပေးလိုက်တယ်ဆိုတဲ့ အကြောင်းလေးကို ... လူငယ်အကြိုက် ..ရေးဖွဲ့ ထားထာ ဖြစ်ပါတယ် ။ အဲ့ဒါကြောင့် အပြေးကလေး ၀ယ်ပြီး ဖတ်ရှုလိုက်ကြပါဦးလို့ သတင်းကောင်းပါးလိုက်ပါတယ် ။

စိတ်ပျော်ရွှင်အောင်..

1. အရေးမပါတာတွေကိုဘေးဖယ်ထားလိုက်ပါ။ အဲဒီ အရေးမပါတာတွေဆိုတဲ့အရာတွေထဲမှာ အသက်ရယ်၊ ကိုယ်အလေးချိန်ရယ်၊ အရပ်အမြင့်ရယ်လည်းပဲပါဝင်ပါတယ်။ ဆရာဝန်တွေရှိတာပဲ။ ဒီကိစ္စအတွက် ပူနေစရာ မလိုပါဘူးဗျာ။ဒါကြောင့်လည်း ဆရာဝန်တွေကို များများလေးပေးရတာပေါ့လေ။


2. ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတွေနဲ့ပဲ ပေါင်းပါ။ တစ်ချိန်လုံး

ညည်းညူနေခြင်းက သင့်ကိုဖျက်ဆီးနေရာ ရောက်ပါလိမ့်မယ်။ သင်ကိုယ်တိုင်လည်း

ညည်းညူနေတတ်သူတစ်ဦး ဖြစ်ခဲ့ရင်တော့ ဒီအချက်ကလေးကို သတိရလိုက်ပါနော်။


3. အမြဲတမ်း သင်ယူလေ့လာနေပါ။ ကွန်ပျူတာအကြောင်း၊

ဥယျာဉ်စိုက်ပျိုးခြင်းအကြောင်း၊ လက်မှုပညာအကြောင်း၊ ဘာကိုပဲ ဖြစ်ဖြစ်

သင်ယူလေ့လာနေဖို့ လိုအပ်ပါတယ်။ ဦးနှောက်ကို ဘယ်တော့မှ အနားမပေးပါနဲ့။

စကားပုံတောင် ရှိသေးတယ် မဟုတ်လား.. ဘာတဲ့ An idle mind is the devil's

workshop တဲ့ နောက်ဆက်တွဲအနေနဲ့ကတော့ The devil's name is Alzheimer's!

ပဲပေါ့



4. ရိုးရိုးလေးတွေနဲ့ပဲ နေတတ်အောင်ကြိုးစားကြည့်ပါ။




5. ရယ်မောပါ၊ အကြာကြီး ကျယ်ကျယ်လောင်လောင်ကို ရယ်မောပလိုက်ပါ။

ရယ်လွန်းလို့ ပင့်သက်ရှိုက်ရတဲ့အထိကိုပေါ့။ သင့်မှာ သင့်ကို

ရယ်မောပျော်ရွှင်အောင် လုပ်တတ်တဲ့ သူငယ်ချင်း တစ်ယောက်သာရှိမယ်ဆိုရင်

သူနဲ့ပဲ အချိန်ဖြုန်းနေလိုက်တာ အကောင်းဆုံးပါပဲ။




6. သင်ချစ်တတ်တဲ့ အရာတွေသင့်အနားမှာ ရှိနေပါစေ။ သင့်မိသားစု၊ သင်ချစ်တဲ့

တိရစ္ဆာန်၊ သင်ဝါသနာပါတဲ့အလုပ်၊ သင်နှစ်သက်တဲ့ သီချင်းတွေ ဘာပဲဖြစ်နေ

ဖြစ်နေ ဒါတွေနဲ့အတူ ရှိနေဖို့ လိုအပ်ပါတယ်။ သင်နားခိုဖို့ နေရာတစ်နေရလည်း

ရှိနေရမယ်နော်။ နောက်ပြီး ဘုရားသခင်နဲ့လည်း တည့်အောင်နေပေါ့နော်။



7. မျက်ရည်ကျလောက်တဲ့ အဖြစ်မျိုးတွေ ကြုံလာခဲ့ရင်.. ကြံ့ကြံ့ခံပါ၊

ဝမ်းနည်းပူဆွေးနေလိုက်ပါ၊ ပြီးရင်တော့ စိတ်ထဲကနေ ထုတ်လိုက်ပါတော့။

ဘ၀တစ်လျှောက်လုံး ကိုယ်နဲ့အတူရှိနေမှာက ကိုယ်ကိုယ်တိုင်ပဲလေ။ ဒီတော့

ကိုယ်အသက်ရှင်နေစဉ်အတွင်းမှာ ရှင်သန်အောင် နေထိုင်ပါ။



8. ကိုယ့်အသက်ကိုယ် တန်ဘိုးထား မြတ်နိုးပါ။ ကျန်းမာရေး မကောင်းရင်

ကာကွယ်စောင့်ရှောက်ရမှာပေါ့။ မကြာခဏနေမကောင်း ဖြစ်နေရင်လည်း

ပိုကောင်းအောင် လုပ်တတ်ရမယ်လေ။ အင်း.. ကိုယ်ကိုယ်တိုင် ဘယ်လိုမှ

မကယ်နိုင်တဲ့ အဆုံးတော့ တစ်ခြားသူတွေရဲ့ အကူအညီကို ယူရတော့မှာပါပဲ။



9. မသွားချင်တဲ့ ခရီးတွေကို မသွားနဲ့လေ။ မောလ်တွေကို ရှော့ပင်ထွက်ပါ။

အိမ်နီးချင်းနိုင်ငံတွေကို သွားလည်ပါ။ နောက်.. တစ်ခြားသော နိုင်ငံခြား

တိုင်းပြည်တွေထိတောင် ရှော့ပင်ထွက်လိုက်ပါအုံး။ ဒါပေမယ့်.. စိတ်လွတ်

ကိုယ်လွတ်မဟုတ်တဲ့.. စနိုးစနောင့် ခရီးမျိုးတော့ မဖြစ်ဖို့ လိုအပ်တယ်လေ။


10. ကိုယ်ချစ်တဲ့ သူတွေကို အသက်ရှင်နေတုန်း၊ အခွင့်အရေးရတုန်းမှာ

ချစ်တယ်လို့ ဖွင့်ပြောလိုက်ပါ။
ကျွန်တော်ရေးထားခြင်းမဟုတ်ပါ.

လောကမှာအချိုမြိန်ဆုံးအရသာ...

အသက်ရနေဖြစ်တဲ့ လူကြီးတစ်ယောက်ဟာ အေးစက်နေတဲ့ လမ်းဘေး ပလက်ဖောင်း လေး
တစ်ခုပေါ်မှာ ထိုင်နေပါတယ်.. မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊
စုတ်ပြဲညစ်နွမ်းနေတဲ့ အ၀တ်အစားတွေနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ သူ့ကို
လမ်းသွား လမ်းလာ လူတွေက သာမန်ကာလျှံကာ ကြည့်သွားကြရုံက လွဲလို့ဘယ်သူကမှ
အရေးတယူ မရှိကြ.. ဟုတ်ပါတယ်လေ အိမ်မရှိ ယာမရှိ တောင်းရမ်းစားသောက်နေတဲ့
သူ့လိုလူ တစ်ယောက်ကို ဘယ်သူကများ ဆေးဖော်ကြောဖက် လုပ်ချင်ပါ့မလဲ….
ရေခဲလုမတတ် အေးချမ်းလွန်းတဲ့ ခုလိုချိန်မျိုးမှာ စုတ်ပြဲနေတဲ့
သူ့ကုတ်အင်္ကျီအဟောင်းလေး ထက်စာရင် နွေးနွေးထွေးထွေး ထူထူထဲထဲရှိမဲ့
အင်္ကျီမျိုး သူ့အတွက် သိပ်ကို လိုအပ်နေတာတော့ အမှန်ပါ…

ဒီအချိန်လေးမှာ အသက် ၃၅နှစ်ခန့် အမျိုးသမီး တစ်ယောက်ဟာ
ပလက်ဖောင်းလေးအတိုင်း လမ်းလျှောက် လာနေပါတယ်.. လျှောက်လာရင်းနဲ့
အမျိုးသမီးဟာ သူ့အနားအရောက်မှာ ရပ်တန့်လိုက်ပြီး သူ့ကို ငုံ့ကြည့်လိုက်ကာ
“ ဦးလေး.. ရှင်နေကောင်းရဲ့လား” လို့ နှုတ်ခွန်းဆက် စကား ဆိုလိုက်ပါတယ်..
ကြည့်လိုက်တာနဲ့ အမျိုးသမီးဟာ ချမ်းချမ်းသာသာ အထက်တန်းလွှာက ဖြစ်မယ်ဆိုတာ
အဖိုးအိုက သိလိုက်ပါတယ်.. သူမဟာ လှပသစ်လွင်တဲ့ ထူထူထဲထဲ ကုတ်အင်္ကျီကို
ဝတ်ဆင် ထားပါတယ်… ပြီးတော့လဲ သူမကို ကြည့်ရတာ ငတ်မွတ်ခြင်း၊ ဆာလောင်ခြင်း
ဆိုတာကို ဘယ်သောခါမှ ခံစားခဲ့ရဖူးပုံ မပေါ်ပါဘူး.. ဒီလို အမျိးသမီး
တစ်ယောက်က သူနဲ့ လာပြီး စကားပြောဆို ပတ်သက်ဖို့ဆိုတာ အကြောင်းကို မရှိပါ…
သူဟာလည်း တစ်ခြား လမ်းသွားလမ်းလာတွေလိုဘဲ သူ့ကို ရယ်စရာလုပ်ဖို့
စနောက်ဖို့ သက်သက်နဲ့ စကားလာပြောနေတာသာ ဖြစ်မှာပါ.. ဒါကြောင့်လဲ
အမျိုးသမီးကို “ ခင်ဗျား ကိုယ့်လမ်းကို သွားပါ.. ကျုပ်တစ်ယောက်တည်း
နေပါရစေလို့ ” အော်ဟစ်ပြီး ပြောလိုက်ပါတယ်..

အံ့သြစရာက အမျိုးသမီးဟာ ထွက်မသွားဘဲ ဆက်ပြီး ရပ်နေတုန်းပါ…. ညီညာပြီး
ဖြူဖွေး လှပနေတဲ့ သွားတွေကို ပေါ်အောင် ပြုံးလိုက်ရင်းက “ ရှင်
ဗိုက်ဆာနေသလား ” လို့ သူ့ကို မေးပြန်ပါတယ်… “ မဆာပါဘူး ကျုပ်က
သမ္မတကြီးနဲ့ အတူတူ ညစာစားပြီးပြီ ခင်ဗျားသာ ခုချက်ခြင်း
ဒီကထွက်သွားစမ်းပါဗျာ ” လို့ ခပ်ရွဲ့ရွဲ့ ပြန်ဖြေ လိုက်ပါတယ်….
အမျိုးသမီးဟာ ထွက်ပြီး မသွားသလို အပြုံးလဲ မပျက်ပါဘူး.. ပြီးတော့
အဖိုးအိုရဲ့လက်မောင်းတွေကို အသာအယာ ဆုပ်ကိုင်လိုက်ပါတယ်.. “ ဟာ ခင်ဗျား
ဘာလုပ်တာလဲ ကျုပ်ပြောပြီးပြီ.. ကျုပ်ကို မနှောက်ယှက်ပါနဲ့ ခင်ဗျား
ဒီနေရာက ထွက်သွားပါ.. ” လို့ အဖိုးအိုက ဒေါသတကြီး တုံ့ပြန်ပါတယ်..

ဒီအချိန်မှာ ရဲအရာရှိ တစ်ယောက် ရောက်လာပြီး “ အစ်မကြီး ပြဿနာ တစ်ခုခု
ဖြစ်နေသလား.. ကျွန်တော် ဘာများ ကူညီပေးရပါမလဲ ” လို့ မေးပါတယ်..
အမျိုးသမီးက “ ဘာပြဿနာမှ မရှိပါဘူး ရဲအရာရှိကြီးရယ်.. ဒီလူကို
ထရပ်နိုင်အောင် ကျွန်မ ကြိုးစားနေတာပါ.. ကျွန်မကို တစ်ဆိတ်လောက်
ကူညီပေးပါလားရှင်.. ” ရဲအရာရှိဟာ သူ့ခေါင်းကို ကုတ်လိုက်ရင်း “
ဒီအဖိုးကြီး ဂျက် ဟာ ဒီနေရာမှာ နေလာတာ နှစ်တော်တော် ကြာပါပြီ.. သူဟာ
ဘယ်သူ့ကိုမှတော့ ဒုက္ခ မပေးခဲ့ပါဘူး.. သူ့ကို ဘာများလုပ်မလို့ပါလဲ ”
လို့မေးလိုက်ပါတယ်..

“ရှင် ဟိုနားက ကော်ဖီဆိုင်လေးကို တွေ့တယ်မဟုတ်လား.. ကျွန်မ သူ့ကို
အဲဒီဆိုင်လေးထဲကို ခေါ်သွားပြီး တစ်ခုခု ကျွေးချင်တယ်… ပြီးတော့လဲ
ဒီလောက်ချမ်းအေးလွန်းတဲ့ ရာသီဥတုဒဏ်ကနေ ခနလေးဖြစ်ဖြစ် သူ့ကို
လွတ်မြောက်စေချင်တယ်.. ”

“ ခင်ဗျား ရူးနေသလား ကျုပ် အဲဒီအထဲကို မသွားချင်ဘူး ” ပြောနေရင်းမှာဘဲ
သူ့ကို သန်မာတဲ့ လက်နှစ်ဖက် တွေနဲ့ ဆွဲထူမခြင်းကို ခံလိုက်ရပါတယ်.. “
ရဲအရာရှိကြီး ကျုပ်ကိုလွှတ်ပါဗျ.. ကျုပ်အေးအေး ဆေးဆေး နေပါရစေ..
ကျုပ်ဘာအမှားမှလဲ လုပ်ထားတာ မဟုတ်ဘူး ” လို့ အဖိုးအို ဂျက်ဟာ အကြောက်အကန်
ငြင်းမိပါတယ်..

“ ခင်ဗျားအတွက် အကောင်းဆုံး အခြေအနေကို ဖန်တီး ပေးတာနေတာကို
မမိုက်မဲချင်စမ်းပါနဲ့” ရဲအရာရှိက ခပ်ထန်ထန် သူ့ကို ပြန်ပြောပါတယ်..
နောက်ဆုံးတော့ အမျိုးသမီးကြီးနဲ့ ရဲအရာရှိဟာ ခက်ခက်ခဲခဲနဲ့ သူ့ကို
ကော်ဖီဆိုင်လေးထဲကို ရောက်အောင် ဆွဲခေါ်လာနိုင်ခဲ့ပြီး ဆိုင်ရဲ့ အတွင်းဘက်
ခပ်ကျကျ ကောင်တာအနီးမှာ သူ့ကို ထိုင်စေလိုက်ပါတယ်.. အချိန်က မနက်စာ
စားချိန်ကျော်သွားပြီး နေ့လည်စာစားချိန်လဲ မရောက်သေးတဲ့ အတွက်
ဆိုင်အတွင်းထဲမှာတော့ လူသူ ရှင်းလင်းနေပါတယ်.. ဆိုင်ရဲ့ မန်နေဂျာဖြစ်သူဟာ
စားပွဲတွေကို ကျော်ဖြတ်ပြီး သူတို့ရဲ့ စားပွဲမှာ လာရပ်ပြီး မေးပါတယ်.. “
ရဲအရာရှိ ခင်ဗျာ.. ဘာများဖြစ်လို့ပါလဲ.. ဒီအဖိုးကြီးက ခင်ဗျားတို့ကို
ဒုက္ခများပေးနေလို့လား ”
“ ဘာမှ ဒုက္ခ မပေးပါဘူး… သူ့ကို ဒီအစ်မကြီးက ကျွေးမွေးဖို့ ခေါ်လာတာပါ.. ”
ရဲအရာရှိရဲ့ စကားအဆုံးမှာ “ အိုး ဒီနေရာဟာ ဒီလိုလူမျိုးတွေနဲ့
သင့်တော်တဲ့နေရာ မဟုတ်ပါဘူးခင်ဗျာ.. ကျွန်တော်တို့ ဆိုင်ဟာ
လူကြီးလူကောင်းတွေ ၀င်ထွက်သွားလာ စားသောက်တဲ့ ဆိုင်ဖြစ်ပါတယ်..
ဒီလိုလမ်းပေါ်က လူတစ်ယောက်က ကျွန်တော်တို့ ဆိုင်ထဲမှာ လာစားနေတာ သူများတွေ
တွေ့သွားရင် ဆိုင်ရဲ့ စီးပွားရေးကို ထိခိုက်ပါလိမ့်မယ်…” လို့
ဆိုင်မန်နေဂျာက ပြောလိုက်ပါတယ်..

“ ကဲ အမျိုးသမီး ခင်ဗျားတွေ့တယ် မဟုတ်လား.. ကျုပ်ပြောခဲ့သားဘဲ ..
ဒီလိုနေရာကို ကျုပ်မလာချင်ပါဘူးလို့.. ကျုပ်သွားတော့မယ်..
ဒီလိုနေရာမျိုးကိုလဲ ဘယ်တော့မှ ထပ်မလာဘူး.. ” အဖိုးအို ဂျက်က
သွားတစ်ချောင်းမှ မရှိတော့တဲ့ နှုတ်ခမ်းတွေကို ဖွင့်ဟရင်း ဒေါသဖြစ်စွာ
ပြောလိုက်ပါတယ်..

အမျိုးသမီးဟာ ဆိုင်ရဲ့ မန်နေဂျာကို သေချာကြည့်လိုက်ပြီး
ပြုံးပြလိုက်ရင်းက “ မန်နေဂျာ.. ရှင် ဒီလမ်းမကြီးပေါ်မှာ ရှိတဲ့ အက်ဒီ
နှင့် အဖွဲ့ရဲ့ ဘဏ်လုပ်ငန်းစုကြီးကို သိတယ် မဟုတ်လား. ” လို့
မေးလိုက်ပါတယ်.. ဒီတော့ မန်နေဂျာက စိတ်မရှည်တဲ့လေသံနဲ့ “ သိပါတယ်..
သူတို့ဟာ အပတ်စဉ်တိုင်း ကုမ္ပဏီ အစည်းအဝေးကို ကျွန်တော်တို့ဆိုင်ရဲ့
အထူးခန်းမှာ အမြဲ လုပ်ပါတယ်.. ဘာဖြစ်လို့ပါလဲ ” လို့ပြန်ဖြေပါတယ်..
အမျိုးသမီးက “ ဒါဆိုရင် သူတို့ရဲ့ အပတ်စဉ် အစည်းအဝေးကြောင့်
ရှင်တို့ဆိုင်ရဲ့ အစားအသောက်တွေ ပိုပြီး ရောင်းခဲ့ရတဲ့ အတွက် သူတို့ဟာ
ရှင်တို့ ဆိုင်ကို တစ်ဘက်တစ်လမ်းက အကျိုးပြုနေတယ် ဆိုတာတော့ ရှင်လက်ခံတယ်
မဟုတ်လား.. ”

“အဲဒီကိစ္စ ခင်ဗျားနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်.. ” မန်နေဂျာက
ဒေါသထွက်လာပုံရတဲ့ လေသံနဲ့ ပြန်ပြောပါတယ်..

“ကျွန်မက အဲဒီ ဘဏ်လုပ်ငန်းစုရဲ့ အမှုဆောင် အရာရှိချုပ် မစ္စ ပင်နီလုပ် အက်ဒီ ပါ.. ”

“ဗျာ…. ” မန်နေဂျာရဲ့ အမူအယာက ချင်ခြင်းဘဲ ပြောင်းလဲသွားပါတယ်..

အမျိုးသမီးက နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ရင်း “ကျွန်မက ခါတိုင်းလုပ်တဲ့
အဲဒီပွဲနဲ့ မတူတဲ့ စားသောက်ပွဲလေး တစ်ခုကို အခု လုပ်ချင်ပါတယ်..
ရှင်တို့ဆိုင်ရဲ့ အကောင်းဆုံး စားသောက်ဖွယ်ရာတွေ ယူလာခဲ့ပါ.. ”

စားပွဲမှာ ရပ်နေဆဲဖြစ်တဲ့ ရဲအရာရှိကို တစ်ချက်ကြည့်လိုက်ပြီး “
ရဲအရာရှိကြီးကိုလည်း ကျွန်မတို့နဲ့အတူတူ စားသောက်ဖို့ ဖိတ်ခေါ်ပါတယ်.. ”

“တော်ပါပြီခင်ဗျာ ကျေးဇူးပါ.. ကျွန်တော်က တာဝန်ချိန်တွင်း ဖြစ်နေပါတယ်….”

“ဒါဆိုရင် အပြန်ကို ကော်ဖီတစ်ခွက်လောက်တော့ ယူသွားပါရှင်.. ”

“ကောင်းပါပြီဗျာ .. ကော်ဖီတော့ ယူသွားပါ့မယ်.. ”

ရဲအရာရှိစကား အဆုံးမှာ မန်နေဂျာက

“ကျွန်တော် ရဲအရာရှိ ယူသွားဖို့အတွက် ကော်ဖီ တစ်ခွက် ယူလာပေးပါ့မယ်..
ဒီဝိုင်းအတွက်လဲ အကောင်းဆုံး အစားအသောက်တွေကို ယူလာခဲ့ပါ့မယ် ခင်ဗျာ ”
လို့ပြောပြီး မန်နေဂျာက စားပွဲကနေ ထွက်ခွာသွားပါတယ်..

မန်နေဂျာ ပြန်အထွက်ကိုစောင့်ပြီး ရဲအရာရှိက အမျိုးသမီးကို “ ခင်ဗျား
သူ့ကို လူမှန်နေရာမှန် ဖြစ်အောင် လုပ်ပေးလိုက်တာဘဲ ” ဟု
လှမ်းပြောလိုက်ပါတယ်..

“ ကျွန်မ ဒီလိုတော့ မရည်ရွယ်ပါဘူး… ကျွန်မ အနေနဲ့ အန်ကယ် ဂျက် ကို
ဒီခေါ်လာတာ အကြောင်း အများကြီး ရှိပါတယ်..” ပြောရင်းက အမျိုးသမီးဟာ
ထိုင်ခုံပေါ် ထိုင်ချလိုက်ပါတယ်. အဖိုးကြီးဘက်ကို လှည့်ပြီး စကား
စတင်ပြောပါတယ်..

“ အန်ကယ် ဂျက် ရှင်ကျွန်မကို မှတ်မိလား.. ”

အဖိုးအို ဂျက်ဟာ အမျိုးသမီးကြီးရဲ့ မျက်နှာကို သေသေချာချာ
စူးစမ်းစွာကြည့်နေရင်းက “ ကျုပ်ထင်တာ.. ခင်ဗျားဟာ ကျုပ်ကို
ရင်းရင်းနှီးနှီး သိနေပုံဘဲ”

“ဟုတ်ပါတယ် .. ကျွန်မက အရင်တုန်းကထက်စာရင် ရင့်ရော်သွားခဲ့ပါပြီ..
အခုအချိန်မှာ ဟိုအရင် အချိန်တုန်းက ထက်စာရင် ငွေကြေးဥစ္စာ အရာရာ
ပြည့်စုံကောင်း ပြည့်စုံနေပြီလို့ ဆိုနိုင်ပေမဲ့ ကျွန်မ ငယ်စဉ်ကာလတုန်းက
ရှင် ဒီဆိုင်မှာ အလုပ်လုပ်ခဲ့တဲ့အချိန် ကျွန်မဟာ အေးခဲနေတဲ့
ခုလိုရာသီမျိုးမှာ ဆာလောင်မွတ်သိပ်စွာနဲ့ လမ်းတကာ လျှောက်ပြီး အစားလေး
တစ်လုပ်အတွက် အလုပ်တောင်းခဲ့ရဖူးတဲ့အချိန်တွေကို ဘယ်တော့မှ
မမေ့ပါဘူးရှင်…”

“ အစ်မကြီး”

ရဲအရာရှိထံမှာ အံ့သြတကြီး လေသံက လွှတ်ခနဲ ထွက်ကျလာပါတယ်.. ဒီလို
ဂုဏ်သရေရှိ အမျိုးသမီး တစ်ယောက်ဟာ ဆာလောင်မွတ်သိပ်စွာနဲ့ လမ်းတွေပေါ်မှာ
လျှောက်သွားခဲ့ ဖူးတယ် ဆိုတာကို သူဘယ်လို လုပ်ပြီး ယုံနိုင်မှာလဲ..

အမျိုးသမီးက သူ့ဘ၀နောက်ကြောင်းကို စတင်ပြီး ရှင်းပြပါတယ်.. “ ကျွန်မဟာ
အဲဒီအချိန်က ကောလိပ်ကျောင်းက ထွက်လာကစ ဒီမြို့ကလေးကို အလုပ်ရှာဖို့
ရောက်လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင်တော့ အလုပ်တစ်ခုတစ်လေမှကို တော်တော်နဲ့
ရှာလို့မရခဲ့ပါဘူး.. ဘယ်သူကမှ အလုပ်မခန့်ခဲ့ကြပါဘူး… နောက်ဆုံးတော့
လက်ထဲမှာ ပြားစေ့လေး အနည်းငယ်က လွဲလို့ ဘာမှ မကျန်တော့တဲ့အခါ ကျွန်မ
ငှားနေတဲ့ အခန်းပိုင်ရှင်က အခန်းငှားခ မပေးနိုင်တော့တဲ့ ကျွန်မကို
မောင်းထုတ်လိုက်ပါတယ်.. ဒီလိုနဲ့.. ဖေဖော်ဝါရီလရဲ့ ပြင်းလွန်းတဲ့
အအေးဒဏ်အောက်မှာ ခိုနားရာမရှိ၊ ငတ်ပြတ်ဆင်းရဲစွာနဲ့ လမ်းတွေပေါ်မှာ
လျှောက်သွားနေခဲ့ရင်း ဒီနေရာလေးကို စားစရာ တစ်ခုတစ်လေ ရလို ရငြား
ရောက်လာခဲ့ပါတယ်.. ”

အဖိုးကြီးဂျက်ဟာ ပါးစပ်ကို ဟလိုက်ပြီး “ အိုး ကျုပ်မှတ်မိပြီ… ကျုပ်ဟာ
ဟိုနားက ကောင်တာမှာ ရပ်နေခဲ့တယ်. ခင်ဗျားက ကျုပ်ကိုမေးတယ်.. အစားအသောက်
နည်းနည်းပေးပါ.. ဆိုင်မှာရှိတဲ့ အလုပ်ကို လုပ်ပေးပါ့မယ်လို့
ပြောခဲ့တယ်လေ. ကျုပ်က ဆိုင်ဝန်ထမ်း မဟုတ်တဲ့ အပြင်လူကို အလုပ်ခိုင်းတဲ့
အချက်ဟာ ဆိုင်ရဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်ရာကျတဲ့အတွက် အလုပ်မပေးနိုင်
ကြောင်း ပြောခဲ့တယ်.. ”

“ဟုတ်ကဲ့ .. ကျွန်မသိပါတယ် အန်ကယ်ဂျက်.. ပြီးတော့ ရှင်ဟာ ကျွန်မ တစ်သက်
မြင်ဖူးသမျှထဲမှာ အကြီးဆုံးဖြစ်တဲ့ အသားညှပ် ဆင်းဒ၀စ်ကြီးတစ်ခုနဲ့ ကော်ဖီ
တစ်ခွက်ကို ပေးပြီးတော့ ဟိုထောင့်နားက စားပွဲမှာ သွားထိုင်စားပါလို့
ပြောခဲ့တယ်. ကျွန်မက ရှင် ကျွန်မကြောင့် ပြဿနာတစ်ခုခု ဖြစ်မှာကို
စိုးရိမ်နေခဲ့ပေမဲ့ ရှင်က ကျွန်မ အတွက် ကျသင့်ငွေကို ကောင်တာမှာ
သွားရှင်းနေတာ တွေ့လိုက်ပါတယ်.. ဒီတော့မှ အားလုံး အဆင်ပြေသွားပြီဆိုတာ
သိမှ စိတ်ချလက်ချနဲ့ အစားကို စားနိုင်ခဲ့တယ်.. ”

“ခင်ဗျား ဒီနောက်ပိုင်း အလုပ်ရသွားခဲ့သလား.. ” အဖိုးဂျက်က
အမျိုးသမီးကြီးကို မေးလိုက်ပါတယ်..

“ဟုတ်တယ်.. သိပ်မကြာခင်မှာ ကျွန်မဟာ အလုပ်တစ်ခုကို ရလိုက်တယ်..
အလုပ်လုပ်တဲ့ အခါ သူများတွေထက်ပိုပြီး အလုပ်မှာ စေတနာထားတယ်..
ကြိုးစားတယ်.. ကျွန်မက ငတ်ပြတ်တဲ့ ဘ၀ကို ရောက်ခဲ့ဖူးတော့ ဒီဘ၀ကို
ပြန်မသွားချင်ဘူးလေ.. ဒီတော့ ဘာလုပ်သလဲ… သူများထက် ပိုကြိုးစားရတာပေါ့
ကျွန်မရဲ့ လုံ့လ ၀ရိယကောင်းမှုကြောင့် မကြာခင်မှာ ကိုယ်ပိုင်လုပ်ငန်း
တစ်ခုကို ထူထောင်လာနိုင်ခဲ့တယ်.. ကံတရားရဲ့ ဖေးမမှုလဲ ပါတာပေါ့လေ.. ”
အမျိုးသမီဟာ သူမရဲ့ ပိုက်ဆံအိတ်ကို ဆွဲဖွင့်လိုက်ပါတယ်.. ပြီးတော့
လိပ်စာကဒ်ပြားလေး တစ်ခုကို ဆွဲထုတ်လိုက်ရင်းက

“ရှင် ဒီမှာ စားသောက်ပြီးစီးတဲ့အခါ ဒီလိပ်စာလေးအတိုင်း
ရောက်အောင်သွားပြီး ကျွန်မရဲ့ ကိုယ်ရေးအရာရှိနဲ့ သွားတွေ့စေချင်တယ်..
ကျွန်မတို့ ကုမ္ပဏီမှာ ရှင့်အတွက် သင့်တော်တဲ့ အလုပ်တစ်နေရာကို သူ
စီစဉ်ပေးလိမ့်မယ်.. ပြီးတော့ ရှင့်အတွက် အ၀တ်အစားဝယ်ဖို့၊ နေထိုင်
စားသောက်ဖို့ ငွေတစ်ချို့ကို သူ ထုတ်ပေးလိမ့်မယ်.. ရှင်
ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့ တစ်နေ့အထိ ထောက်ပံ့ပါလိမ့်မယ်..
ရှင် ဘယ်လို အကူအညီဘဲ လိုလို ကျွန်မဆီ လာခဲ့ပါ… ကျွန်မ ရှင့်အတွက်
အမြဲတမ်း တံခါးဖွင့်ထားပါတယ် အန်ကယ်ဂျက်.. ”

အဖိုးအို ဂျက်ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာရင်းက “ခင်ဗျားကို
ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူးဗျာ… ”

“ကျေးဇူးတင်ဖို့ မလိုပါဘူး အန်ကယ် ဂျက်ရယ်.. ကူညီထိုက်သူကို ကူညီရတာ
ဝမ်းမြောက်စရာပါ.. ရှင့်ရဲ့ စာနာ ထောက်ထား တတ်တဲ့ စိတ်ထားလေးကို
ကျွန်မဘယ်တော့မှ မမေ့ပါဘူး.. ရှင်ကျွေးခဲ့တဲ့ ဆင်းဒ၀စ်နဲ့
ကော်ဖီတစ်ခွက်ဟာ ကျွန်မဘ၀မှာ တန်ဖိုးအကြီးဆုံး အရာတွေပါ… ဘယ်လိုမှ
တန်ဖိုးဖြတ်လို့မရပါဘူး.. ကျွန်မကို ခုလို ကူညီတတ်ခြင်းရဲ့ လမ်းစကို
လမ်းပြခဲ့တဲ့ သူကလဲ အန်ကယ်ဂျက် ကိုယ်တိုင်ပါ”

စားသောက်နေတဲ့ အဖိုးအိုဂျက်ကို နှုတ်ဆက်ပြီးနောက် အမျိုးသမီးနဲ့
ရဲအရာရှိဟာ ကော်ဖီဆိုင်ရဲ့ အပြင်ဘက်ကို ထွက်လာ ကြပါတယ်..
ဆိုင်ရှေ့အရောက်မှာ တစ်ယောက်တစ်လမ်း ထွက်ခွာမသွားခင် ဆိုင်အ၀နားမှာ
ခေတ္တရပ်ပြီး အမျိုးသမီးဟာ ရဲအရာရှိကို ကျေးဇူးတင်စကား ဆိုပါတယ်..

“ ရှင့်ရဲ့ အကူအညီအတွက် ကျေးဇူးအထူး တင်ပါတယ် ရဲအရာရှိမင်းရယ်.. ”

“အိုး ကျေးဇူးတင်ဖို့ မလိုပါဘူး မစ္စ အက်ဒီ.. ကျွန်တော်ကတောင်
ကျေးဇူးတင်ရမှာပါဗျာ.. ကျွန်တော် ဒီနေ့ သိပ်ထူးဆန်း အံ့သြစရာ
အဖြစ်အပျက်ကလေးကို တွေ့လိုက်ရပါတယ်.. ဘယ်တော့မှ မေ့နိုင်မဲ့ အဖြစ်အပျက်လဲ
မဟုတ်ပါဘူးဗျာ.. ကျွန်တော့ ရင်ထဲကို တော်တော် ထိပါတယ်.. ခင်ဗျားရဲ့
ကော်ဖီအတွက်လဲ ကျေးဇူးပါ မစ္စ အယ်ဒီ.. ”

ရဲအရာရှိရဲ့ လက်ထဲက ကော်ဖီခွက်ကို သတိရလိုက်မိတဲ့ အမျိုးသမီးဟာ “အိုး
ရှင် ကော်ဖီကို ဘယ်လို သောက်တယ် ဆိုတာ မေးဖို့ ကျွန်မ မေ့သွားတယ် အခု
ယူလာတာ ဘလက်ကော်ဖီ သက်သက်ဘဲ ထင်တယ်.. နို့ ဖြစ်ဖြစ် သကြားဖြစ်ဖြစ်
ထပ်ယူမလား. ”

ရဲအရာရှိဟာ လက်ထဲက ကော်ဖီခွက်ကို ငုံ့ကြည့်လိုက်ရင်းက ပြုံးလိုက်ပြီးတော့
“ကျွန်တော့ အတွက် သကြားတွေ နို့တွေ မလိုတော့ ပါဘူးဗျာ.. ဒီနေ့ ခင်ဗျား
အန်ကယ် ဂျက်ကို ပေးလိုက်တဲ့ စေတနာမေတ္တာတွေက အဲဒီအရာတွေထက် ချိုပါတယ်..
တန်ဖိုးကြီးလှပါတယ်.. စေတနာ မေတ္တာ နဲ့ ကျေးဇူးသိတတ်ခြင်းဆိုတဲ့ အရာတွေဟာ
ဘယ်အရာနဲ့မှ မတူအောင် ချိုမြိန်လွန်း လှပါတယ်.. ကျွန်တော့ ရင်ထဲမှာလဲ
ဒီအချိုဓာတ်တွေ ကူးစက်ပြီး နောက်ထပ် ဘယ်လို သကြားမှ မလိုတော့ပါဘူးဗျာ..”
လို့ ပြောလိုက်ပါတော့တယ်..

ဘယ်ဘလော့ကလဲတော့ မသိလိုက်ပါဘူးဗျာ သူငယ်ချင်းက ပို့ပေးလို့
ပြန်လည်မျှဝေလိုက်တာပါ အရမ်း ရင်ထဲထိတဲ့ ခံစားချက်ကလေးပါ
သူငယ်ချင်းများ ဒီပိုစ် ကနေ သူမတူအောင်ကြိုးစားလိုစိတ်များ
တိုးပွားလိမ့်မယ်လို့ မျှော်လင့်ပါတယ် .သင်သည်လည်း ထွန်းတောက်နိုင်တဲ့
လူသားဖြစ်လာနိုင်တယ် အလင်းရောင်လည်းပေးနိုင်တယ် ဆိုတာတွေကို ဘယ်တော့မှ
မမေ့ပါနဲ့
လူ့ဘဝ စွန့်ခွါချိန်များမှာ ဘာမှ မလုပ်နိုင်ဘူးဆိုတာ မှတ်ထားပါ .
--
“လုပ်သလို မဖြစ်သေးတဲ့အချိန်မှာ
ဖြစ်သလို မလုပ်ပါနဲ့........”
“လုပ်ချင်တာ မလုပ်ရသေးခင်
လုပ်နေတာကို လုပ်ချင်နေပါစေ.......”

ငွေရှိရင်ပြီးပြီလား?

လောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ထင်နေကြသူတွေအတွက်…အောက်ကအချက်(၂၀)ကို ဖတ်ကြည့်ပေးပါ…………။

1. ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။

2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။

3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်းဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကို     ဝယ်လို့မရဘူး။

4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ ကျန်းမာခြင်း (Health) ကို     ဝယ်လို့မရဘူး။

5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကို      ဝယ်လို့မရဘူး။

6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home)ကို ဝယ်လို့မရဘူး။

7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို မင်းဝယ်နိုင်လိမ့်မယ်၊ ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကို     ဝယ်လို့မရဘူး။

8. ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ လေးစားမှု (Respect) ကို     ဝယ်လို့မရဘူး။

9. ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter) ကို မင်းဝယ်လို့ရလိမ့်မယ်၊ လှပ တင့်တယ်မှု (Beauty)     ကို ဝယ်လို့မရဘူး။

10. ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ အချိန်(Time) ကို ဝယ်လို့မရဘူး။

11. ပိုက်ဆံပေးပြီး ဂြိုဟ်တုတစ်လုံး (Satellite) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ နည်းပညာ (Technique) ကို ဝယ်လို့မရဘူး။

12. ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances) မင်းဖန်တီးနိုင်လိမ့်မယ်၊ မိတ်ဆွေစစ်တွေ (Friends) ကို     ဝယ်လို့မရဘူး။

13. ငွေကြောင့် အချွေအရံတွေ အများကြီး (Servant) မင်း ထားနိုင်လိမ့်မယ်။ သစ္စာရှိမှု (Faithfulness) ကို     ဝယ်လို့မရဘူး။

14. အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို မင်း ဝယ်လို့ရချင်ရလိမ့်မယ်။ ငြိမ်းချမ်းခြင်း (Peace) ကို     ဝယ်လို့မရဘူး။

15. အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age) ကို မင်း ဝယ်နိုင်လိမ့်မယ်၊ လုံးဝ မေ့ပျောက်ခြင်း (forgets) ကိုဝယ်လို့မရဘူး။

16. ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊ အသက်တစ်ချောင်းကိုငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။

17. ငွေပုံပေးပြီး အရှက်ကွဲအောင် လုပ်လို့ရတယ်၊ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီး     သိက္ခာဆည်လို့မရဘူး။

18. ငွေပုံပေးပြီး မလုပ်ဖြစ်အောင် မင်း တားနိုင်လိမ့်မယ်၊လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ်အောင်     ပြန်ကာလို့မရဘူး။

19. ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊ အကောင်းမြင်ခိုင်းလို့မရဘူး။

20. လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊ အရာအားလုံး ရင်းနိုင်သည်ဟူသောသူနှစ်မျိုးသာရှိတယ်။   
       (1) တစ်မျိုးမှာ မွေးကတည်းက သူများသုံးသလို မသုံးရပဲ သူများသုံးသလို     သုံးချင်သူ။   
       (2) အသိပညာ နှင့် အတတ်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်သူ။ 
ကျွန်တော်ရေးထားခြင်းမဟုတ်ပါ.

အိမ်ထောင်ရေးသုံးမျိုး

အိမ်ထောင်ရေး (၃)မျိုးရှိတယ်။


ပထမအိမ်ထောင်ရေး ----- ကိုယ်ချစ်တဲ့လူနဲ့ လက်ထပ်တာဖြစ်တယ်။

ဒုတိယအိမ်ထောင်ရေး ----- ကိုယ်ချစ်တဲ့လူရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။

တတိယအိမ်ထောင်ရေး---- ကိုယ်ချစ်တဲ့လူရဲ့အကျင့်၊ သူ့ရဲ့ဘက်ဂရောင်း (ဆွေမျိုးသားခြင်း)နဲ့ လက်ထပ်တာဖြစ်တယ်။


ပထမအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက တည်မြဲတဲ့အဆင့်မှာရှိတယ်။

ဒုတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ပိုတည်မြဲတဲ့အဆင့်မှာရှိတယ်။

တတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ကွာရှင်းတဲ့လမ်းမမြင်ခဲ့ဘူး။


ဒီလောကကြီးမှာ ဆံဖြူသွားကျိုးတဲ့အထိ ချစ်နိုင်ကြတဲ့လူတွေဟာ အခြေခံအားဖြင့် ဘဝမှာ(၃)ကြိမ် လက်ထပ်ကြရတယ်။


ပထမတစ်ကြိမ်က စားသောက်ဆိုင်မှာ၊ ဆိုင်ကြီးကနားမှာ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ ဆုမွန်ကောင်းတွေကြားမှာ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်တာဖြစ်တယ်။


ဒုတိယအကြိမ်က အိမ်မှာလက်ထပ်တာဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး သဟဇတဖြစ်အောင် တစ်ဘက်သားရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။


တတိယအကြိမ်က အမျိုးတွေကြားမှာ လက်ထပ်တာဖြစ်တယ်။ တစ်ဘက်သားရဲ့ ဆွေမျိုးသားချင်းတွေနဲ့ သင့်မြတ်အောင် လက်ထပ်တာဖြစ်တယ်။


ဒုတိယအကြိမ်နဲ့ တတိယအကြိမ်လက်ထပ်တာက ပထမအကြိမ်နဲ့ လုံးဝကွဲပြားတယ်။ အဲဒီလက်ထပ်ပွဲတွေမှာ ခမ်းနားတဲ့ မင်္ဂလာအဆောင်အယောင်တွေ မပါသလို၊ သူငယ်ချင်းမိတ်ဆွေတွေရဲ့ ဆုမွန်ကောင်းတွေမပါခဲ့ဘူး။ အခမ်းအနားမှာ နှစ်ဦးသားရဲ့ နားလည်မှုပဲရှိခဲ့တယ်။


တကယ်လက်ထပ်တယ်ဆိုတာက နောက်ဆုံးနှစ်ကြိမ်နဲ့ ပိုဆိုင်ပါတယ်။


အခုခေတ် လူအများရဲ့ အိမ်ထောင်ရေးက လက်ထပ်ပြီး နှစ်တိုတိုအတွင်းမှာ ကွာရှင်းကြတယ်။ ကွာရှင်းကြတဲ့အကြောင်းရင်းကို ဆန်းစစ်ကြည့်ရင် ကိုယ်လက်ထပ်ခဲ့တဲ့ ပထမအကြိမ်ကို ဒုတိယအကြိမ်ထိ အရောက်မတွန်းပို့နိုင်ခဲ့လို့ဖြစ်တယ်။


အားလုံးသိကြတဲ့အတိုင်း ရေနွေးဆူဆူက ပိုးမွှားတွေကို သတ်ပစ်နိုင်သလို အချိန်မြင့်တဲ့အချစ်ဒီဂရီက ချစ်သူရဲ့ အားနည်းချက်နဲ့ မပြည့်စုံမှုကို မျက်ကွယ်ပြုနိုင်တယ်။


ချစ်နေတဲ့အချိန်မှာ မမြင်ခဲ့မိတဲ့ အားနည်းချက်၊ မပြည့်စုံမှုတွေက လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့ မပူ၊ မအေးတဲ့ ရေထဲရောက်သွားတဲ့အခါ အဲဒီအားနည်းချက်နဲ့ မပြည့်စုံမှုတွေက ပိုးမွှားတွေလို ပြန်ရှင်သန်လာတတ်တယ်။


ဒီလိုအချိန်မျိုးမှာ ဒုတိယအကြိမ်လက်ထပ်ခြင်းကို ကိုယ်ရွေးချယ်သင့်ပါတယ်။ သူ့အကျင့်နဲ့လက်ထပ်မယ်၊ သူရဲ့အားနည်းချက်နဲ့ မပြည့်စုံခြင်းတွေကို နားလည်ခွင့်လွတ်ပေးမယ်၊ ဒီလိုမှမဟုတ်ရင် အိမ်ထောင်ရေးက အမြစ်ပါးသွားတဲ့သစ်ပင်လို တဖြေးဖြေး ကျူံ့ဝင်ခြောက်ကပ်သွားနိုင်တယ်။


အရမ်းချစ်ပြီး ယူထားကြသူနှစ်ဦးက နှစ်တိုတိုလေးအတွင်းမှာ ကွာရှင်းကြတာဟာလည်း ဒုတိယအကြိမ် လက်ထပ်ခြင်းဆီ အရောက်မသွားနိုင်ခဲ့လို့ဖြစ်တယ်။


ဒုတိယအကြိမ် လက်ထပ်ခြင်းထဲ ဝင်ရောက်နိုင်သူနှစ်ဦးက "ကွာရှင်းမယ်"ဆိုတဲ့စကားကို အပြောနည်းသွားတတ်တယ်။ သူတို့ရဲ့စိတ်ထဲမှာ တစ်ဘက်သားရဲ့ အကျင့်စရိုက်နဲ့မပြည့်စုံမှုတွေကို နားလည်လက်ခံထားလို့ဖြစ်တယ်။ တစ်ခါတလေ တစ်ဘက်သားရဲ့ ဒီလိုမပြည့်စုံမှုက ကိုယ့်ကိုဂရုစိုက်မှုအသွင် ပြောင်းစေခဲ့လို့ဖြစ်တယ်။


ဒီလိုအချိန်မျိုးမှာ အိမ်ထောင်ရေးက ချိုမြိန်နွေးထွေးနေပြီး အချင်းချင်း နားလည်ခွင့်လွတ်ခြင်းတွေနဲ့ ပြည့်နေပါလိမ့်မယ်။


အိမ်ထောင်ရေးနွေးထွေးတာနဲ့ အိမ်ထောင်ရေးတည်မြဲပြီလို့ ယူဆလို့မရနိုင်သေးဘူး။ အိမ်ထောင်ရေးတည်မြဲဖို့ တတိယအကြိမ်လက်ထပ်ခြင်းကို အရောက်တက်လှမ်းနိုင်ရဦးမယ်။ အဲတာက တစ်ဘက်သားရဲ့ ဆွေမျိုးသားချင်းနဲ့ လက်ထပ်တာပဲဖြစ်တယ်။


တစ်နည်းပြောရရင် သူ့အပေါ်ထားတဲ့ ကိုယ်ရဲ့ချစ်ခြင်းမေတ္တာတွေ သူ့မိဘ၊ သူ့ဆွေမျိုးသားချင်းဆီအရောက် ဖြန့်ကျက်နိုင်ဖို့ဖြစ်တယ်။ ဒီလိုချစ်ခြင်းမေတ္တာမျိုးမှာ အိမ်ထောင်ရေးအတွက် အသိဥာဏ်တွေကိုပေးတယ်။


ကိုယ့်ရဲ့တစ်ခြမ်းကို ကိုယ်ပဲပိုင်ဆိုင်တာ မဟုတ်ပါဘူး။ သူ့ကို သူ့မိဘ၊ သူ့ဆွေမျိုးသားချင်းတွေလည်း ပိုင်ဆိုင်ပါတယ်။ ပြီးတော့ သူ့ကိုယ်သူ ပိုင်ဆိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အိမ်ထောင်ရေးကတည်မြဲပြီး ခွဲချင်တယ်ဆိုရင်တောင် မလွယ်တကူ မခွဲနိုင်တော့ပါဘူး။


ချစ်ခြင်းလောကမှာ ယောက်ျားအများစုက အိမ်ထောင်ရေးဆိုတာ မိန်းမတစ်ယောက်ကို လက်ထပ်ယူလိုက်တာပဲလို့ ထင်မှတ်ကြတယ်။ အဲဒီမိန်းကလေးရဲ့ လိုအင်နဲ့ သူ့ရဲ့နောက်ခံဘက်ဂရောင်းကို လျစ်လျူရှူထားတတ်ကြတယ်။


မိန်းကလေးအများစုကလည်း အိမ်ထောင်ရေးဆိုတာ ယောက်ျားတစ်ယောက်ကို လက်ထပ်တာလောက်ပဲသိခဲ့ပြီး အဲဒီယောက်ျားရဲ့အကျင့်၊ စရိုက်နဲ့ သူ့ရဲ့နောက်ခံဘက်ဂရောင်း ဆွေမျိုးသားချင်းတွေနဲ့လည်း လက်ထပ်ရမယ်ဆိုတာကို မသိနားမလည်ခဲ့ဘူး။


ဒီလိုမသိနားမလည်ခြင်းကြောင့် အခုခေတ်မှာ အိမ်ထောင်ပြိုကွဲသူတွေ ပိုများလာတာကို တွေ့ကြရတယ်။


မူရင်းရေးသားသူ-- Liu Yanmin (刘燕敏) (ဒီနေရာမှာ စာရေးဆရာရဲ့စာတွေ တသီကြီးဖတ်နိုင်ပါတယ်)


နိုင်းနိုင်းစနေ ဘာသာပြန်သည်။ 

စစ်မှန်သောနှစ်ယောက်တစ်ဘဝ

ချစ်ခြင်းမေတ္တာအခြေခံပြီး လက်ထပ်ခြင်းအကြောင်းတရားအဖြစ် ဘ၀လက်တွဲဖော် တွေမှာ တစ်ဦးနှင့်တစ်ဦး အကောင်းဆုံး မိတ်ဆွေကောင်း အနေနဲ ဘ၀ရပ်တည် ရှင်သန်နေသမျှတလျှောက် ကောင်းဆိုးအတူ ၇င်ဆိုင်မှုများအတွက် ရွေးချယ်ကြတာဖြစ်ပါတယ်။တွဲလက်များထာဝရ အေးချမ်းတည်မြဲစေဖို့  သတိပြုစရာအနည်းငယ်မျှ ဆင်ခြင်မိရုံလေးနဲ ဘ၀မှာ  အကျေနပ်ဆုံးသူများဖြစ်ခွင့်ရစေတာကို အမေရိကန် မစ်ချီကန်တက္ကသိုလ်မှ လူမူရေးလေ့လာစုံစမ်းမှူများပြုစေပြီး အခုလိုရှင်းပြခဲ့ပါတယ်။

အရင်းနှီးဆုံးသူတွေ
အရင်းနှီးဆုံးသူတွေဖြစ်ကြပေမဲ့ နားအလည်နိုင်ဆုံးသူတွေဖြစ်နေဖို့  အသေးအဖွဲကိစ္စလေးတွေ  ကအစလျစ်လျုရှူလို့ မဖြစ်ပါဘူး အိမ်မှူကိစ္စတွေ မနိုင်မနင်းဖြစ်နေခဲ့ရင်နိုင်သလောက်ကူညီပေး ပါ မခွဲခြားပါနဲ အတူသွားရမယ်ကိစ္စတွေမှာ အလှပြင်မပြီးလို့ ဖုန်းပြောနေရလို အိမ်ကလူတွေကို သြ၀ါဒချွေနေရလို့  စောင့်နေရတဲ့ အကြိမ်တွေမများပါစေနဲ့  အတူနေ နှစ်ယောက်တစ်ဘ၀ကို ကြီးကြီးမားမား ထိခိုက်စေတဲ့ အသေးအဖွဲလေးတွေဖြစ်ပါတယ်။   အကြိမ်များစွာစုမိလာတဲ့အခါ ရှင်းပြရခက်တဲ့ မသိစိတ်မှာ နာကျင်မှူတွေဖြစ်စေပါတယ်။

ဝေးသွားမှာစိုးတယ်
လက်မထပ်ခင်ကကြီးပြင်းနေထိုင်ခဲ့တဲ့ နှစ်ဖက်မိသားစု နေထိုင်ပုံနဲ့  လက်ရှိဘ၀ကိုချိန်ထိုးပြီး စံသတ်မှတ်ပြောဆိုတာမျိုးနှင့် နှိုင်းယှဉ်ပုံစံချတာမျိုးတွေရှောင်ကြဉ်ပါ ။ မတူညီမှူတွေအများကြီး ကို အတင်းပုံစံရိုက်သွင်းတာနဲ့ တူပြီး နှစ်ယောက်ကြား ကနားလည်မှူတွေဆွေးမြေ့ပျောက်ကွယ်သွားစေတယ် ။အနီးဆုံး က အဝေးဆုံးလူတွေဖြစ်လာစေတယ်။စဉ်းစားမှူတိုင်းမှာ အိမ်ထောင်သာယာရေးကို ဦးတည်ခြင်းက နှစ်ဦးကြားရိုးအီ သွာခြင်းမရှိအောင် အသစ်အဆန်းတွေဖြစ်လာစေတယ်။

အရာရာမင်းပါ
ဘ၀ရည်မှန်းချက်တွေက အိမ်ထောင် ရေးအတွက် အတိုက်အခံဖြစ်မလာပါစေနဲ့ ။ဘ၀ရဲ့တစ်ကိုယ်ရေရည်မှန်းချက်တွေနဲ အိမ်ထောင် ရေးချိန်ခွင်လျှာ အချိုးကျပါစေ။ရည်မှန်းချက်နဲ့  လက်တွေ့ အိမ်ထောင်မှူဘ၀ကို နှိုင်းယှဉ်ဦးစားပေး စရာရှိလာတဲ့အခါ နှစ်ယောက်တစ်ဘ၀ ကိုဦးစားပေးပါ မိသားစုနှင့်အတူ ရယူနိုင်တဲ့ ရည်မှန်း ချက်တွေ အောင်မြင်မှူတွေကိုဖန်တီးကြိုးစားပါ။

သူပျော်သွားပြီ
နှစ်ဦးကြားချီးမြှောက်မှူ အပြန်အလှန်ရှိပါစေ ။ တစ်ဦးရဲ့အောင်မြင်မှူကိုတစ်ဦးကစောင့်ကြည့်ချီးမွမ်းဖို့ အသင့်ရှိပါ ။ အဆိုးဆုံးတွေကြုံခဲ့ရင်လည်း ကျော်လွှားနိုင်တဲ့ စွမ်းရည်ကိုမြင်အောင်ကြည့် ပေးပါ ။ တစ်ဦးကိုချီးမွမ်းလို့ ကျေနပ်ပျော်ရွှင်သွားတာကို မြင်ရတဲ့ ကျန်တစ်ဦးမှာအစားထိုးမရ ရှာဖွေလို့ မရတဲ့ပျော်ရွှင်ချမ်းမြေ့မှူဖြစ်စေတာကို နေပျော်တဲ့ဘ၀တစ်ခုအတွက် လက်တွေ့ စမ်းသပ်ကြည့်ပါ ။ချစ်တဲ့ သူတစ်ယောက်ပျော်ရွှင်စေလိုတတ်တဲ့ သဘာဝအရ ဘ၀ရဲ့ကျေနပ်မှုနဲ့ ခွန်အားတွေ တိုးပွားစေပါတယ်။

နားထောင်ပေးပါ
နှစ်ယောက်တည်းရှိတဲ့ အချိန်တစ်ခုကို အလုပ်အားလုံးဘေးချ ခေါင်းထဲကထုတ်ပြီး အေးအေးသက်သက်သာ စကားပြောဆိုပါ။ တစ်ယောက်ပြောစကားကို တစ်ယောက်က ဂရုစိုက်နားထောင်ပေးပါ။ နှစ်သက်သော အကြောင်းအရာများကို ထောက်ခံဆွေးနွေးပြီး မနှစ်သက်တာတွေကိုတော့ဟာသနှော ပြီးပျော်ရွှင်စရာ အဖြစ်မှပိုမိုရင်းနှီးမှူ ရယူပါ။(လှောင်တာမျိုးတော့ အဖြစ်ပါစေနဲ့ ။ချော့ရခက်တတ်တယ်။)အခြေအနေတစ်ခု သို့ ပြောင်းလဲလိုခြင်း ရန်စကားလမ်းကြောင်းပြောင်း စရာလိုအပ်လာပါက ကြည်နူးစရာ စကားလုံးများအဖြစ်သော "မင်း ကို ချစ်တယ် " ကဲ့သို့ သော အသုံးအနှူံးများကို လေးလေးနက်နက် သုံးစွဲပါ။ထူခြားမှု က လက်တွေ့ သိနိုင်ပါလိမ့်မယ်။

အတူတူရှိနေမယ်
နှစ်ယောက်တစ်ဘ၀ရှိသူများမှသာ ပျော်ရွှင်မှူနဲ့ ပုံစံအမျိုးမျိုးရှိတဲ့ပြဿနာတွေ ရယူ ရင်ဆိုင်နိုင်စွမ်း ရှိတယ်ဆိုတာ သတိရပါ။ မတည့်အတူနေဘ၀မျိုးရှိသူတွေမှာ နေ့ စဉ်ဘ၀ရပ်တည်ရေးတာဝန်များအပြင် လူမူရေးပြဿနာများပါ ၀န်ပိမှူဖြစ်လာစေပါသည်။အတူနေသူနှစ်ဦး နီးကပ်တဲ့စိတ်ချင်း ဆက်သွယ်မှုများက တစ်ဦးစိတ်မချမ်းသာမှူကတစ်ဦးကို သက်ရောက်စေတတ်တာကြောင့် ဆက်ဆံရေး မပြေလည်တာတွေက အကျိုးမဲ့အချည်းအနှီးအသွင်ဆောင်တဲ့ ဘ၀နေ့ စွဲတွေရှိလာပါလိမ့်မယ် အိမ်တွင်းပြဿနာနဲ့ အိမ်ပြင်အခက်အခဲနှစ်ခု ရှိလာရင် အိမ်တွင်းရေးရှင်းပြီးမှ ပြင်ပပြဿနာ ကို နှစ်ဦးလက်တွဲရင်ဆိုင်ပါ ။ ဒီအတွက်စိတ်ဓါတ်ကြံခိုင်သူများဖြစ်ပါစေ ။ဘ၀စိန်ခေါ်မှူတွေကို နှစ်ယောက်တစ်ဘ၀ အဖော်မွန်ကောင်းနှင့်အတူ လက်တွဲပြီး အကောင်းဆုံးဖြေရှင်းပါ ။  ကြိုးစားအားထုတ်မှုများက ရရှိလာတဲ့ အောင်မြင်မှုတွေကို နှစ်ဦးသား ရင်ဆိုင်နိုင်ခဲ့တယ်ဆို တာနဲ့ အပြန်အလှန်အသိအမှတ်ပြုပါ။ အောင်မြင်မှူတွေကို အတူတစ်ကွစားသုံးပါ။

စစ်မှန်သော နှစ်ယောက်တစ်ဘ၀မှ ပေးစွမ်းလာသော ကျေနပ်ပျော်၇ွှင်ခြင်းများနှင့် အတူ အများကောင်းကျိုးလိုလားဆောင်၇ွက် နိုင်သူများ ဖြစ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်..... 
ကျွန်တော်ရေးထားခြင်းမဟုတ်ပါ.

ဘူတာ

ဘယ်ကမှန်းမသိတဲ့ ရထားတစ်စင်း ငါ့ဘူတာမှာ လာရပ်နားတယ်...

ငါအတန်တန် ရပ်နားခွင့်မပြုဖို့ ကိုယ့်ဟာကိုယ် သတိတွေပေးခဲ့ပေမယ့် ရပ်နားခွင့်ပြုခဲ့မိတယ်...

ရထားဆိုတာကလဲ အချိန်တန်ရင် ပြန်ထွက်သွားတာပဲလေ...

ဒါပေမယ့် ရထားပြန်ထွက်သွားတဲ့ အချိန်မှာ ငါဘာမှမတက်နိုင်ခဲ့ဘူး...

ဘူတာဆိုတာက ရထားပြန်လာမဲ့အချိန်ကို မျှော်နေရုံကလွဲပြီး ဘာတက်နိုင်အုံးမှာလဲ...

ရထားမသိလိုက်တာတစ်ခုကတော့ ရထားမရှိရင် ဘူတာဆိုတာကလဲ ဘယ်လိုလုပ်အဓ္ဓိယ်ရှိနိုင်အုံးမှာလဲ...
                                             နေသွေးနေ

Wednesday, November 24, 2010

လူတစ်မျိုး...

ကိုယ်နှင့်အတူ ရှိနေသော အချိန်များတွင် အစားအသောက် ကောင်းများကို ကိုယ့်အတွက်
အမြဲချန်ထားတတ်ပြီး ရာသီတုအေးလျှင် အနွေးထည်ထပ်ဖို့၊ အပြင်ထွက်လျှင် အစစအရာရာ
သတိနှင့်နေဖို့ ဂရုတစိုက် အမြဲမှာတတ်သည်။ တစ်ခါတစ်ရံ ထိုအပြောများကို
ကိုယ်ကနားပူသည်ဟု
ထင်ခဲ့သော်လည်း စိတ်ထဲတွင်မူ နွေးထွေးသောမေတ္တာကို ခံစားရသည်။
ကိုယ့်မုန့်ဖိုးလိုသောအချိန်
လက်ဖြန့်တောင်းလျှင် ပိုက်ဆံရှာရသည်မှာ မည်မျှ ခက်ခဲကြောင်း၊ ပိုက်ဆံ၏ တန်ဖိုးကို
ပြောပြတတ်သည်။ ပါးစပ်က တပျစ် တောက်တောက် ရေရွတ်နေသော်လည်း လက်က
ပိုက်ဆံကမ်းပေးနေတတ်သည်။
ထိုလူမျိုးကို မိဘ ဟုခေါ်သည်။

လောကကြီးတွင် လူတစ်မျိုးရှိသည် ...

အမှားအမှန် ခွဲခြားသိမြင်အောင်သွန်သင်ဆုံး
မတတ်ပြီး သားသမီး အရင်းချာကဲ့သို့
ပဲ့ကိုင်လမ်းညွှန်တတ်သည်။ စည်းကမ်းတွေ ချမှတ်ပေးတတ်ပြီး ဗဟုသုတများကို
မျှဝေပေးတတ်သည်။
ဆူပူ ကြိမ်းမောင်းခြင်းမှာလည်း လူတော်လူကောင်းဖြစ်စေချင်သော စေတနာသာလျှင်ဖြစ်သည်။
ထိုလူမျိုးကို ဆရာ ဟုခေါ်သည်။

လောကကြီးတွင် လူတစ်မျိုးရှိသည် ...

တစ်ခါတစ်ရံ ကိုယ်နှင့်ရန်ဖြစ်တတ်ပြီး စကားနိုင်လည်း လုတတ်သေးသည်။ ကိုယ့်ဝေစုကို
လုစားတတ်ပြီး မိဘကိုလည်း အတိုင်အတော လုပ်တတ်သေးသည်။ သို့သော် ကိုယ့်ကို
တစ်ခြားလူများထက် ပိုချစ်ပြီး ပိုဂရုစိုက်တတ်သည်။
အရေးကြုံပါကသွေးနီးကြသည်။ ထိုလူမျိုးကို မောင်နှမ ဟုခေါ်သည်။

လောကကြီးတွင် လူတစ်မျိုးရှိသည် ...

မတွေ့  မမြင်ရလျှင်လွမ်းနေတတ်ပြီး တွေ့ ပြန်လျှင်ရင်တွေခုန်ကာ
ဆွံအနေတတ်သည်။ စိတ်ထဲ၊ အတွေးထဲတွင် အမြဲလွှမ်းမိုးနေတတ်ပြီး
နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်သော်လည်း အိပ်မက်ထဲထိ ကြီးစိုးနေတတ်သည်။
ကိုယ့်အတွက် အလှပဆုံးနှင့် အချိုမြိန်ဆုံး ပန်းသီးလေး တစ်လုံးလိုပင်။
ထိုလူမျိုးကို ချစ်သူ ဟုခေါ်သည်။

လောကကြီးတွင် လူတစ်မျိုးရှိသည် ...

တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။ ကိုယ်စာမရသော အချိန်တွင်
ရှင်းပြတတ်ပြီး ကိုယ်အမှားလုပ်မိသော အချိန်တွင် ကိုယ့်ဘက်မှ ရပ်တည်ပြီး
ဝန်ခံပေးတတ်သည်။
အားငယ်သော အချိန်တွင် အားပေးတတ်ပြီး ၀မ်းနည်းသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။
ကိုယ်အဆင်ပြေလျှင်သူ့ကို မေ့နေတတ်ပြီး အဆင်မပြေသော အချိန်များတွင်
ကိုယ်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည် နားထောင်ပေးတတ်သည်။
ကိုယ်နှင့်အတူရှိနေမည့် အချိန်များက ချစ်သူတစ်ယောက် ထက်ပင်
ကြာရှည်ခိုင်မြဲတတ်သည်။ ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။

လောကကြီးတွင် လူတစ်မျိုးရှိသည် ...

မိဘ၏ဆိုဆုံးမမူနှင့် နွေးထွေးသော မေတ္တာအောာက်တွင် ကြီးပြင်းလာခဲ့သည်။ ဆရာများ၏
သွန်သင်ဆုံးမမှု အောက်တွင် အမှားအမှန်ကို ခွဲခြားတတ်လာခဲ့သည်။ မောင်နှမများ၏
ချစ်ခင်မှုအောက်တွင် စည်းလုံးခြင်းတွေ ရယူတတ်လာခဲ့ သည်။ ချစ်သူ၏
ကြင်နာယုယမှု အောက်တွင် အချစ်စစ်ကို ရှာဖွေတတ်လာခဲ့ပြီး သူငယ်ချင်းများ၏
ကူညီမူအောက်တွင် ဘ၀၏ တက်လမ်းကို ရွေးချယ်တတ်လာခဲ့သည်။ ထိုသူများသည်
ကိုယ့်ဘ၀ထဲသို့ ဧည့်သည်တယောက်လို ၀င်လာကြသည်။ အချိန်တန်လျှင်
ထွက်သွားကြသည်။ သူတို့သည် ဘ၀ကို အသိဥာဏ်နှင့် ဗဟုသုတ တိုးပွားအောင်
ကူညီပေးကြသည်။ ဘ၀ကို ပျော်ရွှင်မူများဖြင့် စိုပြည်စေခဲ့သည်။ ထိုသူများကို
ကျေးဇူးတင်ကြောင်း
လှိုက်လှိုက်လှဲလှဲပြောဖို့ တစ်ခါတစ်ရံတွင် မေ့နေတတ်သည်။ ထိုလူမျိုးမှာ
ကိုယ်ကိုယ်တိုင်
ပင်ဖြစ်ပါသည်။



--
ပြုံးပါ
အကြည်လင်ဆုံး၊ အတောက်ပဆုံး ပြီးတော့..........
အရိုးသားဆုံး
ကျွန်တော်ရေးထားခြင်းမဟုတ်ပါ.

ယုံချင်ယုံမယုံချင်နေ....

(1) ကျွန်တော်တို့ အားလုံး နှာချေ တဲ့အခါမှာ မျက်လုံးဖွင့်ပြီး ဘယ်လိုမှ ချေလို့မရပါဘူးခင်ဗျာ
(2) လင်းပိုင်တွေဟာ အိပ်တဲ့အခါမှာ မျက်လုံးတစ်ဖက်ဖွင့်ပြီး အိပ်ကျပါတယ်
(3) နှစ်စဉ်တိုင်း နှစ်စဉ်တိုင်းမှာ မြွေကိုက်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်ထက်
ပျားတုပ်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်က ပိုများပါတယ်
(4) ညာသန်လူတွေဟာ ဘယ်သန်လူတွေထက် ပျမ်းမျှအားဖြင့် ကိုးနှစ် ပိုအသက်ရှည်ကြပါတယ်
(5) ကျွန်တော်တို့အားလုံး Queen Elizabeth I ကို မသိရင်တောင် ကြားဖူးကြမှာပါ ဘုရင်မကြီးဟာ
လိုအပ်သည် ဖြစ်စေ မလိုအပ်သည်ဖြစ်စေ သုံးလမှာ တစ်ကြိမ်သာ ရေချိုးပါတယ်တဲ့ခင်ဗျာ
(6) နာဇီခေါင်းဆောင်ဟစ်တလာဟာ သက်သတ်လွတ်စားသူဖြစ်ပြီး သူ့မှာ Testis (ဝှေးစေ့)
တစ်လုံးသာ ရှိပါတယ် :)
(7) ပိုလာ ၀က်ဝံတွေဟာ ပင်ဂွင်းငှက် 86 ကောင်ကို တစ်ထိုင်တည်း စားနိုင်ပါတယ်
(8) ဂေါက်သီးတစ်လုံးရဲ့ မျက်နှာပြင်ပေါ်မှာ အစက်အပြောက်( အချိုင့်)ပေါင်း 336 ရှိပါတယ်
(9) သင် နှာချေတဲ့အခါမှာ ပါးစပ်နှင့်နှာခေါင်းအား ပိတ်ဆို့မှု မဖြစ်စေရန် ဂရုစိုက်ပါ
အဘယ်ကြောင့်ဆိုသော် သင့်မျက်လုံးများ ကွဲထွက်သွားနိုင်သောကြောင့်ဖြစ်
သည်
(10) ပိုးဟပ်တစ်ကောင်အား ခေါင်းဖြတ်လိုက်မည်ဆိုပါက ဆယ့်ငါးရက်တိုင် ဆက်လက်အသက်
ရှင်နေနိုင်ပါသည်၊၊ ထိုသို့သေဆုံးသွားခြင်းမှာလည်း ဆယ့်ငါးရက်တိုင် အစာမစားရသော
ကြောင့်သာဖြစ်ပါသည်
(11) ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံး ဘေးချင်းယှဉ်ပြီးတန်းစီလိုက်ရင် ကမ္ဘာကို အပတ် 60
ပတ်မိ မှာဖြစ်ပါတယ်
(12) လူ့ခန္ဓာကိုယ်မှာ အသန်မာဆုံးသော ကြွက်သားကတော့ လျှာ ဖြစ်ပါတယ်
(13) ရေဘ၀ဲ တွေမှာ နှလုံးသား သုံးခု ပါရှိပါတယ်
(14) နေ ကနေ ကမ္ဘာကို အလင်းတန်းကျရောက်ရန်အချိန် 8 မိနစ် လိုအပ်ပါတယ်
အဲဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ သင်ဟာ နေ၀င်သွားတာကိုမြင်လိုက်ရတဲ့အချိန်မှာ
လွန်ခဲ့တဲ့ 8 မိနစ်ကတည်းက နေ၀င်ပြီးသွားပါပြီ
(15) လူတွေစားသုံးနေကြတဲ့ အစားအစာတွေထဲမှာ တစ်ခုထဲသောမပုပ်မသိုးနိုင်တဲ့ အစားအစာ
ကတော့ ပျားရည်ဖြစ်ပါတယ်၊၊
(16) အင်္ဂလိပ်စကားလုံးတွေထဲမှာ သရ(vowels)မပါဘဲ အရှည်ဆုံးသော စကားလုံးမှာ
twyndylly ngs ဖြစ်ပြီး အမွှာစုံတွဲများ လို့အဓိပွါယ်ရပါတယ်
(17) ၀က်တွေဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းတည်ဆောက်ပုံအရ ကောင်းကင်ကို
မော့ကြည့်ဖို့ မဖြစ်နိုင်ပါဘူး၊၊
(18) မေလ မှာမွေးတဲ့ကလေးတွေဟာ အခြားလမှာမွေးတဲ့ ကလေးတွေထက် ပျမ်းမျှအားဖြင့်
200 grams ပိုလေးပါတယ်
(19) အက်စ်ကီးမိုး လူမျိုးတွေမှာ ဆီးနှင်း(snow)လို့အဓိပွါယ်ရတဲ့ စကားလုံးပေါင်း တစ်ရာကျော်
ရှိပြီး (hello)ဟလို ဟူသောနှုတ်ခွန်းဆက်စကားလုံး မရှိပေ၊၊
(20) ကမ္ဘာပေါ်တွင်ရှိသောလူဦးရေကို အယောက်တစ်ရာထိ အချိုးကျစွာ ချုံ့လိုက်မည်ဆိုပါက အာရှတိုက်
မှ 57 ယောက်၊ ဥရောပတိုက်မှ 21 ယောက်၊ အမေရိကတိုက်မှ 14 ယောက် နှင့် အာဖရိကတိုက်
မှ 8 ယောက် စီရှိမှာဖြစ်ပါတယ်၊၊ထိုအထဲမှ တစ်ယောက်တည်းကသာလျှင် ကွန်ပြူတာတစ်စုံကို
ပိုင်ဆိုင်မှာဖြစ်ပါတယ်၊၊
(21) ကျွန်တော်တို့ရဲ့ မျက်လုံးအရွယ်အစားဟာ မွေးသည်မှ သေသည်ထိ တရွယ်တည်း
ဖြစ်ပြီး ၊ နှာခေါင်းနှင့် နားရွက်မှာမူ ကြီးထွားမှုနုန်း ရပ်တန့်သွားခြင်းမရှိပေ
(22) အကယ်၍သင်သည် မိုးကြိုးပစ်ခံရပါက အပူချိန် 28000 ဒီဂရီ စင်တီဂရိတ် ဖြင့်လောင်ကျွမ်း
ခံရမည်ဖြစ်ပြီး ထိုအပူချိန်မှာ နေမျက်နှာပြင်ထက်ပိုမိုသော အပူချိန်ဖြစ်သည်
(23) ကမ္ဘာပေါ်ရှိ ငှက်များအားလုံးထဲမှ အပြာရောင်ကို မြင်နိုင်သောတစ်ခုတည်းသော ငှက်မှာ
ဇီးကွက်ဖြစ်သည်
(24) ပုံမှန်အားဖြင့် တနေ့တာအတောအတွင်း အမျိုးသားများသည် စကားလုံး 2000 ကျော်
ပြောပြီးချိန်တွင် အမျိုးသမီးများမှာ စကားလုံးပေါင်း 7000 ကျော်ပြောပြီးဖြစ်ပေသည်၊၊
(သြော်... မိန်းမ မိန်းမ )
(25) ပျားကောင်များသည် ပျားရည် တစ်ပေါင် ရရှိရန် ပန်းပွင့်ပေါင်း 2000 ကျော် ဖြတ်သန်း
နားရောက်ရပြီး ခရီးမိုင်ပေါင်း 55000 ကျော် ပျံသန်းရပေသည်၊၊
26) ခုန်ပေါက်ခြင်း(jumping) မပြုလုပ်နိုင်တဲ့ တစ်ခုတည်းသော နို့တိုက်သတ္တ၀ါကတော့
ဆင်ဖြစ်ပါတယ်
(27) ဂေါက်ရိုက်ကစားခြင်းကို လွန်ခဲ့သောနှစ်ပေါင်းများစွာက စကော့တလန်ပြည်မှ စတင်
တီထွင်ခဲ့တယ်လို့ဆိုပါတယ်၊၊သူတို့ဟာ အဲ့ဒီ ကစားနည်းကို " Gentlemen Only
Ladies Forbidden " လို့ သတ်မှတ်ထားရာကနေ အင်္ဂလိပ်တွေက GOLF ဆိုပြီး စတင်
ကစားကြတာ ဖြစ်ပါတယ်၊၊ :)
(28) ခြဘုရင်မတစ်ကောင်ဟာ နှစ်ပေါင်း ၀ါးဆယ်တိုင်အသက်ရှင်နေနိုင်ပြီး နေ့စဉ် ခြကောင်ရေ
သုံးသောင်းထိ မွေးဖွားပေးနိုင်ပါတယ်၊၊
(29) သင်နှင့်အတူ မွေးနေ့တစ်နေ့တည်း ကျရောက်နေသူပေါင်းမှာ 10,000,000 (ဆယ်သန်း)
ဖြစ်ပါတယ် :O
(30) ပိုးဟပ်များ လုံးဝမစားသော တစ်ခုတည်းသောအစားအစာမှာ သခွားသီး ဖြစ်ပါတယ်
(31) သမ္ဓတကြီးလင်ကွန်းဟာ အထက်လွှတ်တော်အမတ် အဖြစ်1846 ခုနှစ်မှာရွေးချယ်ခြင်း
ခံရပါတယ်၊၊
သမ္ဓတကနေဒီကတော့ အထက်လွှတ်တော်အမတ် အဖြစ် 1946 ခုနှစ်မှာရွေးချယ်ခံ
ရပါတယ်၊၊
(32) သမ္ဓတကြီးလင်ကွန်းဟာ 1860 ခုနှစ်မှာသမ္ဓတအဖြစ်ရွေးချယ်ခံရပြီး
သမ္ဓတကနေဒီကတော့1960 ခုနှစ်မှာ သမ္ဓတဖြစ်လာခဲ့ပြန်ပါတယ်၊၊
(33) သမ္ဓတကြီးလင်ကွန်းရဲ့ အတွင်းရေးမှူးနာမည်ဟာ ကနေဒီ ဖြစ်ပြီး
သမ္ဓတကနေဒီရဲ့ အတွင်းရေးမှူးနာမည်ဟာလည်း လင်ကွန်းဖြစ်နေပြန်ပါတယ်
(34) သူတို့နှစ်ဦးစလုံးသမ္ဓတအဖြစ်အိမ်ဖြူတော်ကို ပြောင်းရွှေ့အပြီးမှာတော့
ရင်သွေးတစ်ဦးစီ ဆုံးပါးသွားခဲ့ရပြန်ပါတယ်
သမ္ဓတနှစ်ဦးစလုံးဟာ သောကြာနေ့မှာ လုပ်ကြံခံရပြီး ၊ နှစ်ဦးစလုံး ဦးခေါင်းကိုပဲ
ကျည်ဆန်ထိမှန် သေဆုံးခဲ့ရပါတယ်၊၊
(35) သမ္ဓတနှစ်ဦးစလုံးဟာ တောင်ပိုင်းသားတွေဖြစ်တဲ့ ဂျွန်ဆင်ကြောင့်ပဲ အောင်မြင်ခဲ့ရပြီး
တောင်ပိုင်းသားတွေကပဲ ပစ်ခတ်လုပ်ကြံခြင်းကိုခံခဲ့ရပါတယ်
သမ္ဓတကြီးလင်ကွန်းကို နိုင်ငံရေးလောကမှာအောင်မြင်စေခဲ့တဲ့ အန်ဒရုးဂျွန်ဆင်ဟာ
1808 ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး သမ္ဓတကနေဒီကို အောင်မြင်စေခဲ့တဲ့ လန်ဒန်ဂျွန်ဆင်ကတော့
1908 ခုနှစ်မှာ မွေးဖွားသူဖြစ်ပါတယ်၊၊
(36) သမ္မတ ကြီးလင်ကွန်းကို လုပ်ကြံခဲ့တဲ့ သူကတော့ ဂျွန်ဝိုက်စ်ဘုသ်ဖြစ်ပြီး သူဟာ 1839 ခုနှစ်မှာ
မွေးဖွားသူဖြစ်ပါတယ်၊၊ သမ္မတ ကနေဒီကိုလုပ်ကြံခဲ့သူ ဟာဗေး အော့ဝေါ့ဒ် မှာ 1939 ခုနှစ်
မှာမွေးဖွားသူဖြစ်ပါတယ်၊၊
(37) သမ္မတကြီးလင်ကွန်းဟာ (Ford) ဖို့သ် အမျိုးသားပြဇာတ်ရုံမှာ လုပ်ကြံခြင်းခံခဲ့ရပြီး
သမ္မတ ကနေဒီကတော့ (Ford) ဖို့သ်ဆိုသူထုတ်လုပ်ခဲ့တဲ့ ကားထဲမှာလုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်
အဲဒီ့ကားနာမည်ကလဲ လင်ကွန်းလို့ ခေါ်ပါတယ်
(38) သမ္မတလင်ကွန်းကို လုပ်ကြံခဲ့သူ Booth ဟာ ပြဇာတ်ရုံမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး
ကုန်တိုက်တစ်ခုထဲကနေ ဖမ်းဆီးမိခဲ့ပါတယ်၊၊
သမ္မတ ကနေဒီကိုလုပ်ကြံသူ Oswald ကတော့ ကုန်တိုက်တစ်ခုကနေ ထွက်ပြေးသွားခဲ့ပြီး
ပြဇာတ်ရုံထဲကနေ ပြန်လည်ဖမ်းမိခဲ့ပြန်ပါတယ်၊၊
(39) သမ္မတလင်ကွန်းဟာ လုပ်ကြံခြင်းမခံရမီ တစ်ပတ်အလိုမှာ Maryland ပြည်နယ် (Monroe)
မွန်ရိုးရပ်ကွက်မှာရှိနေခဲ့ပါတယ်၊၊
သမ္မတ ကနေဒီကတော့ လုပ်ကြံမခံရမီ တစ်ပတ်အလိုမှာ ကမ္ဘောကျော်မင်းသမီး Marilyn Monroe
မာရီလင်မွန်ရိုးနဲ့အတူရှိနေခဲ့ပြန်ပါတယ်၊၊
(40) သမ္မတနှစ်ယောက်ကို လုပ်ကြံခဲ့တဲ့ Booth နဲ့ Oswald တို့ဟာ သူတို့ကို တရားရုံးမှ ပြစ်ဒဏ်
မချမှတ်ရသေးခင်မှာပဲ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပြန်ပါတယ်၊၊
(41) ပျမ်းမျှအားဖြင့် လေးနှစ်အရွယ် ကလေးတစ်ယောက်ဟာ တနေ့ကို မေးခွန်းပေါင်း 437 ခုထိ
မေးမြန်းနိုင်ပါတယ်၊၊
(42) နောက်ပြန်လှည့်ကြည့်စရာမလိုဘဲ နောက်ကိုပြန်မြင်နိုင်တဲ့ သတ္တ၀ါနှစ်မျိုးကတော့ ယုန် နဲ့
ကြက်တူရွေး တို့ပဲ ဖြစ်ပါတယ်၊
(43) ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးရဲ့ ခြေထောက်နှစ်ချောင်းမှာ ခြေချောင်း ခြောက်ချောင်းစီ
ရှိပါတယ်၊၊ :o
(44) ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးရဲ့ အလေးချိန်ဟာ 5,940 billion billion metric tons ဖြစ်ပါတယ်ခင်ဗျာ
(45) သင့်ရဲ့ သက်တမ်းတစ်လျှောက်လုံးမှာ သင်ဟာ အစားအသောက်အလေးချိန်ပေါင်း
60,000 pounds စားသောက်နိုင်ပါတယ်၊၊အဲ့ဒီ အလေးချိန်ဟာ ဆင်ခြောက်ကောင်ရဲ့
အလေးချိန်နဲ့လည်းညီမျှပါတယ်
(46) လင်းနို့တွေဟာ ဂူထဲကထွက်တိုင်း ဘယ်ဘက်ကိုပဲ ကွေ့သွားတက်ပါတယ်၊၊
(47) အမျိုးသားတွေရဲ့ ရှပ်အင်္ကျိတွေမှာ ကြယ်သီးက ညာဘက်မှာ ရှိပြီး အမျိုးသမီးဝတ်ရှပ်အင်္ကျိ
တွေမှာတော့ ကြယ်သီးက ဘယ်ဘက်မှာ ရှိပါတယ်
(48) တိုင်တန်းနစ်သဘောင်္တည်ဆောက်ရာတွင် 7 million dollars ကုန်ကြခဲ့ပြီး
တိုင်တန်းနစ်ရုပ်ရှင် ရိုက်ကူးမှုအတွက်မှာမှု 200 million dollars သုံးစွဲခဲ့ရပါတယ်
(49) နေ့စဉ်တိုင်းနေ့စဉ်တိုင်းတွင် ကလေးငယ်ပေါင်း 400,000 မွေးဖွားနေပြီး လူဦးရေပေါင်း
140,000 ခန့်သေဆုံးနေလျှက်ရှိကာ စုံတွဲ သန်းပေါင်း 200 ကတော့ making love
လုပ်ကြပါတယ်တဲ့ခင်ဗျာ :oops:
(50) ကမ္ဘာ့လူဦးရေ တစ်ဝက်ကျော် သည် တယ်လီဖုန်းခေါ်ဆိုခြင်း သို့မဟုတ် လက်ခံပြောဆိုဖူးခြင်း
မရှိပေ၊၊ :doh:
ကျွန်တော်ရေးထားခြင်းမဟုတ်ပါ.

inerview

ကျွန်တော် ရေးတာ မဟုတ်ပါ။ Forward mail တစ်စောင်က ရပြီး ဝေမျှချင်စိတ် ပေါ်လာလို့ပါ။ သရော်စာ ဆန်ဆန် တင်ဆက်ထားပါတယ်၊ နည်းနည်းကနေ များများ မှန်နေလို့လည်း ပြန်ဝေမျှလိုက်တာ ဖြစ်ပါတယ်။

မေး- စာမေးပွဲဖြေရတော့မယ်နော်။ ဘာတွေပြင်ဆင်နေပြီလဲ

ဖြေ- အချိန်မီ ဆရာ့ထဲကို ကိုယ့်ခုံနံပါတ်လေး ပါသွားအောင် ကျူရှင်လခ သွင်းနေပါတယ်။ နောက်တစ်ခုကတော့ ဆရာတွေ လိပ်စာကို စုဆောင်း နေပါတယ်။ ဒါမှလည်း စာမေးပွဲပြီးပြီးချင်း ကန်တော့လို့ ရအောင်ပါ။ ကန်တော့ဖို့ ပိုက်ဆံကိုတော့ ဟိုနေ့ကမှ အိမ်ကို လှမ်းပြီး ဖုန်းဆက် ပြောထားပါတယ်။ လောလောဆယ် စာတော့ မလုပ်ဖြစ်သေးဘူး။


မေး-ဒါကနောက်ဆုံးနှစ်လည်းဖြစ်တယ် ဒီစာမေးပွဲအောင်ရင် ဘွဲ့လည်းရတော့မယ်ဆိုတော့ ဘယ်လိုခံစားရလဲ

ဖြေ-သိပ်ကိုဝမ်းနည်းပြီး ယူကြုံးမရဖြစ်မိပါတယ်။ ဘာလို့လည်းဆိုတော့ တကယ်လို့ ဘွဲ့ရခဲ့ရင် ကျွန်တော့်အနေနဲ့က တရားဝင် လိုင်စင်ရ အလုပ်လက်မဲ့ တစ်ယောက် ဖြစ်သွားပါပြီ။ အခုက ကျောင်းတက်နေတာဆိုတော့ ဘာပြောပြော ကျောင်းသားဘ၀ ဆိုတော့ အိမ်က ထောက်ပံ့ပေးနေဆဲပါ ဒါပေမဲ့ ကျောင်းပြီးသွားရင်တော့ လုံးဝကို supply တွေ ပိတ်ကုန်မှာ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော့ အနေနဲ့ကတော့ ကျောင်းတော်ကြီးကို လွမ်းတာတို့၊ သူငယ်ချင်းတွေကို တမ်းတတာတို့၊ ချစ်သူလေးကို ခွဲရမှာတို့ထက် သောက်သုံးမကျတဲ့ ကောင်ကြီးဖြစ်သွားပြီဆိုပြီး ၀မ်းနည်းမိပါတယ်။


မေး- ကျောင်းသားဘ၀ဆိုတာကလေ တောက်ပတဲ့ အနာဂတ်တွေ ရှိတယ်လို့ဆိုတယ်။ ဒီတော့ မောင်လေးရဲ့ အနာဂတ်ကိုရော ဘယ်လိုစိတ်ကူးထားလဲ။ အမေရီကားမှာဆိုရင် University Graduate တွေဟာ များသောအားဖြင့် နိုင်ငံတော်နဲ့ဆိုင်တဲ့နေရာတွေတို့ ဘာတို့တွေတောင်ရောက်ကြတယ်လေ မောင်လေးတို့ရော။

ဖြေ- ဒါမျိုးစဉ်းစားဖို့ တော်တော်လေးကို ခက်ပါတယ်။ တစ်နေ့သင်လိုက်တဲ့ စာတွေကို တစ်နေ့စာတစ်နေ့ မှန်မှန်လုပ်ရအောင် မီးမလာလို့ စိတ်ညစ်ရပါတယ်။ တကယ်ဆိုရင် နေ့သင်တဲ့စာတွေကို ပြန်လုပ်ဖို့ ညကိုတော့ မီးလာပေးစေချင်ပါတယ်။ နောက်တစ်ခုကတော့ နိုင်ငံတော်နဲ့ ဆိုင်တဲ့ ရာထူးမျိုးတွေကို စိတ်ကူးဖို့နေနေသာသာ လက်တစ်ဖက်က ထမင်းချိုင့်ကိုကိုင်ပြီး လက်တစ်ဖက်က ကားကလက်တန်းကို ကိုင်ထားပြီးစီးရတဲ့ မူဆယ်လားရှိုးဘက်က ၀က်တင်တဲ့ကားတွေလို ကျောင်းကားတွေကို နေ့တိုင်းစီးနင်းကျော်ဖြတ်နေရတာ အရင်ပြီးဆုံးစေချင်ပါတယ်။ ကျန်တာဘာကိုမှ စိတ်မကူးပါဘူး။ အသက်မပျောက်ဘဲ အိမ်ပြန်ရောက်လာရင် ကျေနပ်နေပါတယ်။


မေး- ကျောင်းသားဆိုတာက များသောအားဖြင့် အရပ်သားတွေနဲ့ ကွဲပြားတတ်တယ်လေ။ မောင်လေးရဲ့ ကျောင်းသားတစ်ဦးပုံစံကိုပြောပေးပါဦး။

ဖြေ-အရပ်သားနဲ့တော့ ကွာသွားတယ်ဗျ။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်ကလို ကွဲပြားခြားနားသွားတာ မဟုတ်ဘူး ပြောင်းပြန်ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ အရပ်သားတော်တော်များများကတော့ မြို့တော်ကြီးတွေထဲမှာ နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေဆိုတာက များသောအားဖြင့် တောကြီးမျက်မဲလို နေရာတွေ မြို့ပြင်တွေ ကျေးလက်တွေမှာ နေရတာများတော့ အများကြီးကို ကွဲပြားသွားပါတယ်။ ဒီတော့ ပြောရရင် ကျွန်တော်တို့တွေက အရပ်သားတွေနဲ့ ဘာမှမဆိုင်တော့လောက်အောင်ကို မိုက်ရိုင်းသွားကြတော့တာပေါ့။


မေး- အခုကိုယ်က ကျောင်းပြီးတော့မယ်ဆိုတော့ သူများနိုင်ငံကလို ကျောင်းပြီးရင် သူတို့ဆီမှာ လာလုပ်ဖို့ ကမ်းလှမ်းတာတို့ ဘာတို့ရှိနေပြီလား

ဖြေ- အခုထက်ထိတော့ အဲဒါမျိုးမရှိသေးပါဘူး။ ဒါပေမယ့် ဟိုနေ့က ပါချုပ်ရုံးရှေ့မှာ ကပ်ထားတာကတော့ ဒီကနေ ဘွဲ့ရသွားတဲ့ ကျောင်းသားတွေကို ဗထူးဗိုလ်သင်တန်းကျောင်းမှာ တက်ဖို့ခေါ်ထားတဲ့ စာတော့တွေ့ပါတယ်။ OTS လို့ခေါ်တာပေါ့ဗျာ။ ဒါလောက်ပါပဲ၊ သိပ်တော့ မထူးဆန်းပါဘူး။ ဘာလို့လဲ ဆိုတော့ အလုပ်ရရေးမရရေးသည် ကျောင်းနဲ့ မဆိုင်ပါဘူး။ အလုပ်ရှင်တွေအနေနဲ့ကရော ပြီးတော့ အစိုးရပြန်တမ်းဝင်စာမေးပွဲလို့ ခေါ်တဲ့ PSC စာမေးပွဲအနေနဲ့ရော ကျောင်းသားတွေကို ဘွဲ့ရပြီးပြီးခြင်း ခန့်မှာမဟုတ်ပါဘူး။ ဘွဲ့ရတာသည် အလုပ်ရဖို့ အထောက်အကူကောင်းတစ်ခု မဟုတ်ပါဘူး။ တကယ်ကို ကျောင်းပြီးပြီးချင်း အလုပ်တန်းရတာတို့ ဘာတို့ဆိုတာက လုပ်ငန်းရှင်တစ်ယောက်ယောက်နဲ့ အမျိုးနီးစပ်တော်နေသလား ဥပမာပြောရရင် လုပ်ငန်းရှင်တစ်ယောက်ကိုးကွယ်နေတဲ့ ဘကြီးဘုန်းကြီးနဲ့ကို ကိုယ်ကခင်နေရင်လောက်ဆိုရင်ကိုဖြစ်ပါတယ်။ စောစောကပြောတဲ့ PSC စာမေးပွဲဆိုတာကတော့ ဖြစ်နိုင်ရင် ကံစမ်းမဲပေါ့နော်။ လူ ၁၂ ဦးစာခေါ်တယ်ဆိုရင် များသောအားဖြင့် ၁၀ ဦးလောက်က ဖြေဖြေ မဖြေဖြေ အလုပ်ရကြမှာဖြစ်ပြီးသားပါ။ ကျန်တဲ့ ၂ နေရာစာကိုတော့ ကျွန်တော်တို့ ဘွဲ့ရ ပညာတတ် အယောက် ၅၀ လောက်က ကံစမ်းကြပါတယ်။


မေး- ကျောင်းမှာ ဆရာပြန်လုပ်ဖို့ ရည်ရွယ်ချက်ရှိပါသေးလား

ဖြေ- လုံးဝကိုမရှိပါဘူးခင်ဗျာ။ တကယ်ကို မရှိတာပါ။ မသိတဲ့သူတွေက မတတ်တဲ့သူတွေကို ပြန်သင်ပေးရတာလောက် စိတ်ကုန်စရာမရှိပါဘူး။ ပြီးတော့ ကျွန်တော်က စာသင်တယ်ဆိုရင် စာဘဲသင်ချင်တာပါ။ ကြက်ဆူပင်စိုက်ရတာတို့၊ မိုးရာသီ သစ်ပင်စိုက်ရတာတို့၊ ဂိတ်ဂျူတီစောင့်ရတာတို့ မလုပ်ချင်ပါဘူး။


မေး- ကိုယ်ယူုထားတဲ့ မေဂျာနဲ့ ကိုက်ညီတဲ့ အလုပ်ကို စိတ်ကူးနေပါသလား

ဖြေ-လုံးဝကို စိတ်မကူးပါဘူး။ လုပ်စားလို့ လည်းမရပါဘူး။ လုပ်စားစရာ နေရာလည်း မရှိပါဘူး။ မိဘလက်ငုတ်စီးပွားရေးဖြစ်ဖြစ် တစ်ခြားတစ်ခုဖြစ်ဖြစ် စိတ်ကူးရပါလိမ့်မယ်။ ကုန်ကုန်ပြောရရင် လမ်းဘေးပလက်ဖေါင်းမှာ ခိုးကူးခွေလေးတွေ ချရောင်းဖြစ်ချင်လည်းရောင်းဖြစ်မှာပါ လမ်းဘေးကွမ်းယာဆိုင်လေး တစ်ဆိုင်လောက်ဖွင့်ဖြစ်ရင်လည်း ဖွင့်ဖြစ်မှာပါ။ သေသေချာချာတော့ မပြောနိုင်သေးပါဘူး။


မေး-မောင်လေးရဲ့ ပညာ အပေါ်သုံးသပ်ချက်ကလေး သိပါရစေ။

ဖြေ-တချို့တွေကပြောကြပါတယ် ပညာစီးပွား ဆိုတာပေါ့။ ဒီနေ့ခေတ်ပညာရေးက စီးပွားရေးဆန်လာတယ်တဲ့။ အကောင်းမြင်တဲ့သူရှိသလို အဆိုးမြင်တဲ့ သူတွေလည်းရှိပါတယ်။ ဘာပြောပြောပေါ့ ပညာရေးမှာ ငွေကအဓိကဆိုတာတော့ အားလုံးကို သိစေချင်ပါတယ်။ ပြောရရင် ဆရာလူထုစိန်ဝင်း ပြောပြောနေကြပေါ့။ ပညာသင်တာ စဉ်းစားတတ်စေချင်လို့တဲ့ ဒါပေမယ့် စဉ်းစားလို့ မရပါဘူး။ ကျွန်တော်သိလိုက်ရတဲ့ ပညာ ဆိုတာကတော့ မူလတန်းကနေ ဒီနေ့အထိ အလွတ်တွေကျက်ပြီး အလွတ်တွေချရေးပြီး အောင်မြင်လာတာပါဘဲ။ အခုနေ ကျွန်တော့်ကို အလွတ်ကျက်ခဲ့တဲ့ စာတွေ ဖြေနိုင်ခဲ့တဲ့ စာတွေကို ပြန်မေးကြည့်ပါ ကျွန်တော် မြန်မာလို တစ်လုံးမှ မသိပါဘူး။ ဒါပေမယ့် ချရေးခိုင်းရင်တော့ ကောင်းကောင်းကို ရေးပြနိုင်ပါတယ်။


မေး- မကြာခင် နိုင်ငံတော်သစ်ကို တည်ဆောင်ကြတော့မယ်လေ။ ကျောင်းသားတစ်ယောက်အနေနဲ့ ဘယ်လိုပြင်ဆင်ထားလဲ။ ကိုယ့်တိုင်းပြည် ကို့လူမျိုးအတွက်ပေါ့။

ဖြေ-ဘာမှမပြင်ဆင်ထားပါဘူး။ ထမင်းနပ်မှန်အောင်စားချင်ရင် ဒါမျိုးတွေ မမေးပါနဲ့လား။ တကယ်တော့ ဒါတွေက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တပ်မတော်ရဲ့ အလုပ်သက်သက်ဖြစ်ပါတယ်။ ဘယ်သူဘဲ တက်တက်ပေါ့နော် ရပ်ကွက်ထဲက ပဲပြုတ်သည်တွေလဲ ပဲပြုတ်ဆက်ရောင်းကြမှာပဲ၊ ဆိုက်ကားဆရာတွေလည်း ဆိုက်ကားဆက်နင်းကြမှာပဲ။ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ကုလားကြီးကို ကုလားကြီးလို့ခေါ်ခေါ် မာမူကြီးလို့ခေါ်ခေါ် အရားကြီးလို့ခေါ်ခေါ် ကုလားက ကုလားပါပဲ။ ကျွန်တော်ဘာမှမပြင်ဆင်ထားပါဘူး။ ဒါတွေက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တပ်မတော်ကြီးရဲ့ တာဝန်သာဖြစ်ပါတယ်။ ပိုက်ဆံမရှိ အင်အားမတောင့်ဘဲနဲ့ အခြေအနေကို ကြိုတင်မသုံးသပ်ဘဲနဲ့ ၀င်ပြိုင်ဖို့ကြိုးစားတဲ့ ပါတီငယ်လေးတွေကိုတော့ သနားပါတယ်။ စိတ်မကောင်းဘူး။ အခုကို အဖြေက ရှင်းနေပြီလေ ပါတီလေးတွေက ပိုက်ဆံမရှိလို့ ညည်းတွားနေကြချိန်မှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေကတော့ စီးပွားရေလုပ်ငန်းရှင် အကြီးစားကြီးတွေဖြစ်နေကြပါတယ်။ ဒီတော့ ကျောင်းသားဆိုတာကရော ဘာများတတ်နိုင်နေဦးမှာလဲဗျာ။


အခုလိုဖြေကြားပေးတာကျေးဇူးအထူးတင်ပါတယ် မောင်လေးရယ်

ကျွန်တော်ကလည်း အခုလိုမေးမြန်းပေးတဲ့ ရိုက်စား အပတ်စဉ်ထုတ်ဂျာနယ်က အစ်မကို ကျေးဇူးအထူးတင်ပါတယ်။

အချစ်ဆိုတာ

ကျား==>ငါဟာဘာမှစောက်သုံးမကျပါဘူးဟုတ်ပါတယ် ဒါပေမယ့်မင်းကိုချစ်ဖို့အတွက်တော့အသုံးကျတယ်
မ==>ဘာ... အချစ်? ဟုတ်လား? အချစ်တစ်ခုထဲနဲ့ဘာလုပ်ရမှာလဲ? အချစ်ကထမင်းစားလို့ရလို့လား? ကိုယ့်ဘဝတိုးတက်ဖို့အတွက်ဘာအသုံးဝင်လို့လဲ? အလကား..စိတ်ကူးယဉ်တွေပါ....
ကျား==>အေး အဲ့ဒိအချစ်ဆိုတဲ့ဟာကစိတ်ကူးယဉ်ဒါပေမယ့် လက်တွေ့ဘဝကိုပြောင်းပြန်လှန်သွားအောင် လုပ်နိင်တယ်.... အချစ်ဆိုတာလက်တွေ့ဘဝကိုအကျိုးပြုတဲ့စိတ်ကူးယဉ်ပါ ကိုယ့်ဘဝကို တိုးတက်အောင်လုပ်တဲ့နေရာမှာလဲ ကိုယ်ချစ်တဲ့သူရဲ့အားပေးမူတွေလိုအပ်တယ် အချစ်ကြောင့်ပြောင်းလဲအောင်အများကြီးလုပ်ပေးနိုင်တယ် ၅၂၈ မှအချစ်မဟုတ်ဘူး ၁၅၀၀လဲအချစ်ပဲ ၁၅၀၀ ဆိုတာလဲကြာသွားရင်၅၂၈ ဖြစ်သွားတယ် အဲ့တာသံယောဇဉ်ပဲ သံယောဇဉ်ဆိုတာကဖြတ်တောက်ဖို့အရမ်းကိုခက်ခဲလွန်းအားကြီးတယ် ငါအခုသံယောဇဉ်ဆိုတဲ့နေရာကိုရောက်နေပြီ.. သံယောဇဉ်ရဲ့အစကအချစ်ပဲ...
နေသွေးနေ

ငါ့မှာရှိတာဒါအကုန်ပဲ...

ငါ့မှာလုပ်စရာတစ်ခုပဲရှိတော့တယ် အဲ့ဒါဘာလဲဆိုတော့ဖြည့်ဆည်းပေးခြင်းပဲ ငါဘာတစ်ခုမှမသိချင်တော့ဘူး ဘာတစ်ခုမှမလိုချင်တော့ဘူး ဘာဖြစ်ချင်လဲ?ဘာလိုချင်လဲပြော ငါမဖြစ်မနေဖြည့်ဆည်းပေးမယ်....... မဖြစ်နိုင်တာကလွဲရင်ပေါ့ မဖြစ်နိုင်တာကိုငါလဲလုပ်ပေးနိုင်ရအောင် ငါ့မှာတန်ခိုးမရှိဘူး ငါ့မှာရှိတာ မင်းကိုအရမ်းချစ်တတ်တဲ့နှလုံးသားတစ်စုံပဲရှိတယ်...
မင်းအတွက်အသုံးမလိုရင်အချိန်မရွေးလွှတ်ပြစ်နှိင်တယ်...
နေသွေးနေ

လောက

လောကကြီးမှာ...
ရတာမလို လိုတာမရ
ဖြစ်ချင်တာမဖြစ် ဖြစ်ချင်မှဖြစ် မဖြစ်ချင်တာဖြစ်
ရှိနေတုံးအချိန်မှာကျတော့ဂရုစိုက်ဖို့ဝေးစွ ထွတ်သွားတဲ့အခါကျမှထွတ်သွားတဲ့သူအပြစ်တဲ့
ပေးတော့တန်ဖိုးမထား မပေးတော့လိုချင်
ပေးတော့ပိုလိုချင်တယ် မပေးနိုင်တော့ မပေးနိုင်တဲ့သူအပြစ်တဲ့
ကိုယ်လုပ်လိုက်လို့ဒုက္ခရောက်သွားတော့မတော်တဆတဲ့
သူများလုပ်လိုက်တာကျတော့အညိုးထားထားတယ်
ကိုယ်ကျတော့ရရင်ပျော်လို့ သူများကျတော့လောဘကလဲကြီးလိုက်တာတဲ့
ကိုယ်လုပ်ချင်တာလုပ်လိုက်ရရင်တော့ကောင်းတယ် သူများလုပ်တော့မစဉ်စားမခြင့်ချိန်တဲ့
ကိုယ်ကသိလို့ပြောပြတော့ရှင်းပြတယ် သူများကျတော့ဆရာလာလုပ်နေတယ်တဲ့
ငါကျတော့မှန်တယ် ငါမဟုတ်တဲ့တခြားသူရောမမှန်နိုင်ဘူးလား?
ကိုယ်ကမှားတော့ဆောရီးပါ သူများကမှားတော့ဆောရီးလောက်နဲ့ကျေနပ်ရမှာလားတဲ့
ကိုယ်ဆိုတဲ့စကားကိုကျတော့သိပြီးတော့ ဘာလို့နောက်ကစာနာတယ်ဆိုတဲ့စကားကိုမသိရတာလဲ?
ယူတယ်ဆိုတာသိပြီးတော့ဘာလို့ ပေးတယ်ဆိုတဲ့စကားကိုရောငယ်ငယ်တုံးကမသင်ခဲ့ရဘူးလား?
တယူသန်ဆို တာကျတော့သင်စရာတောင်မလိုဘူး သူ့အလိုလိုသိနေကျတယ်နော်
အတ္တဆိုတဲ့ပါဠိစကားတောင် ပါလိုက်သေး သင်စရာမလိုတဲ့အထဲမှာ..
ခွင့်ဆိုတာကိုကျတော့ကိုယ်ပင်ပန်းရင်သုံးပြီးတော့ ဘာလို့လွှတ်ဆိုတဲ့စကားပါတွဲပြီး
ခွင့်လွှတ်ပါတယ်ဆိုတဲ့စကားကျတော့သုံးဖို့မေ့နေကျတယ်နော်....
လောကကြီးမှာအဲ့ဒါတွေနဲ့ လိုက်လျောညီထွေနေနိုင်ရင် လောကကြီးထဲမှာနေရတာ
တော်တော်အဆင်ပြေမှာပါ ကျွန်တော်ကတော့အခုထိကြိုးစားနေဆဲပဲ....
နေသွေးနေ

ငါ့အမှားကြောင့်

လူဆိုတဲ့သတ္တဝါကရလေလိုလေအိုတစ္ဆေပါလားနော်..လောဘတွေလဲကြီးကျတယ်
အဲ့ဒီအထဲမှာငါလဲပါတယ် မရလို့ဆိုရင်လဲထားပါတော့
ငါကရခဲ့တာပဲဘာပဲဖြစ်ဖြစ်မရတာထက်စာရင်တော့တော်ပါသေးတယ်
ငါ့အမှားတွေကြီးပါပဲ.. ဘာပဲဖြစ်ဖြစ်ငါရခဲ့ပါသေးတယ်
အခုလဲငါကြေနပ်နိုင်ရမှာပေါ့ လောဘမကြီးတော့ပါဘူး
ရတာနဲ့ပဲ ငါရောင့်ရဲနေနေပမယ်........
နေသွေးနေ

တူညီမှုတန်ဖိုး

ငါဟာသံပတ်နာရီကစက္ကန့်တံနဲ့တူတယ် မင်းနဲ့နီးဖို့အတွက် တရွေ့ရွေ့နဲ့အမြဲတမ်းသွားနေမှာပါ
မင်းကသံပတ်နဲ့တူတယ် ဘာလို့လဲဆိုတော့ ငါမမောမပန်း အမြဲတမ်းသွားဖို့အတွက်
မင်းရဲ့အကြင်နာ၊မေတ္တာ၊ယုယနွေးထွေးမှူနဲ့နားလည်ပေးမှူတွေနဲ့မှ ပြီးပြည့်စုံသွားမှာ....
နေသွေးနေ

အခေါ်အဝေါ်

ပါးစပ်ဆိုတာကိုလူတွေပြောနေကြတာမှားနေတယ် ဘာလို့လဲဆိုတော့ ပါးစပ်ကပြောတဲ့စကားင်္လုးတွေအားင်္လုးကနှင်္လုးသားနဲ့ ဦးနှောက်ကလာတဲ့အသိတွေကိုဘာသာပြန်ပေးတာကြီးပဲ ဒါကြောင့်မို့လို့ပါးစပ်လို့ခေါ်မယ့်အစား "ဘာသာပြန်သူ"လို့ခေါ်ရင်ပိုမှန်လိမ့်မယ် မင်းကိုကိုယ်ကချစ်တယ် မင်းကလွဲရင်မချစ်နှိင်ဘူးဆိုတဲ့စကားကလဲ ပါးစပ်ဖျားလေးကပဲလာတာမဟုတ်ပါဘူး ကိုယ့်ရဲ့နှင်္လုးသား နဲ့ ဦးနှောက်ကလာတဲ့အသိကို ပါးစပ်ဆိုတဲ့"ဘာသာပြန်သူ"ကနားလည်နှိင်မယ့်ဘာသာစကားနဲ့ ဘာသာပြန်ပေးဒါပါ.......
နေသွေးနေ

ဖိုးလမင်း

ကောင်းကင်မှာ ဖိုးလမင်းတစင်း ထဲရှိုသလိုပဲ ကိုယ့်ဘဝထဲ မှာလဲ မင်းတယောက်ထဲပဲရှိတယ်
ဖိုးလမင်းက ကြီးမားကျယ်ပြန့်တဲ့ကောင်းကင်ကို အပိုင်စားရထားတယ်
မင်းကတော့ မင်းကိုစကားလုံးသုံးပြီးပြောပြမရအောင်ချစ်တဲ့ ကိုယ့်ရဲ့ဘဝကိုအပိုင်စားရထားတယ်
ကောင်းကင်မှာဖိုးလမင်း မရှိပဲကြယ်တွေကြီးပဲ မပြည့်င်္စုနိုင်သလို
ကိုယ့်ဘဝမှာလဲ မင်းမရှိပဲ ဘယ်လိုလုပ် ပြည့်စုံနိုင်မှာလဲ
ကောင်းကင်ဆိုတာ က အမြဲတမ်းမသာယာ နိုင်ဘူးလေ ဒါပေမယ့် တိမ်ဖုံးတာပဲဖြစ်ဖြစ် လကွယ်နေ့ပဲဖြစ်ဖြစ်
လကိုမမြင်ရတာပဲရှိတယ် ဒါပေမယ့် ဘယ်သူမှ ဖိုးလမင်း မရှိဘူးလို့်ငြင်းလို့မရဘူးလေ
အဲ့ဒီလိုပဲ ဘယ်လိုအခက်အခဲတွေကြုံကြုံ ကိုယ့်ဘဝထဲမှာ မင်းကိုချစ်တဲ့အချစ်တွေ လျော့သွားပြီ မရှိတော့ဘူးလို့
ဘယ်သူမှ ငြင်းလို့မရဘူး
ဖိုးလမင်းကြီးက သူ့အလုပ်ကိုသူလုပ် နေတယ် လူတွေသူ့ကိုတန်ဖိုးထားထားမထားထား ဂရုစိုက်စိုက်မစိုက်စိုက်
ကိုယ်လဲ ကိုယ့်အလုပ် (မင်းကိုအမြဲတမ်းချစ်ဖို့ )ကို လုပ် နေမှာပဲ........
L is for the way you look at me.
O is for the only one to see.
V is very very extraordinary.
E is for everyone that you adore
And Love is all that i can give to you Take my heart but please don't break it Love was meant for you and me
                                          နေသွေးနေ

သာတယ်... နာတယ်....

ပေးတယ်ဆိုတာကလဲ ပေးချင်တိုင်းလဲပေးလို့မရပါလားနော်.....
လူတွေကရီရတယ် စေတနာရှိလို့ပေးပေး ပေါများလို့ပဲပေးပေး ကူညီချင်လို့ပဲပေးပေး မရှိတဲ့ကြားထဲကပဲပေးပေး
ပေးချင်တိုင်းပေးလို့မရဘူး ခဏခဏပေးနေရင် ယူတဲ့သူကပေးတဲ့သူရဲ့စေတနာကိုမသိကြတော့ဘူး
စေတနာရှိလို့ပေးတဲ့သူအပြစ်ဖြစ်သွားရော... ပေးတဲ့သူကလဲစောက်ပေါကြီးဖြစ်သွားရော...
ရှိရင်လဲမရှိဘူးပြော မရှိရင်လဲမရှိဘူးပဲပြောရတယ်... တခါတလေမှပေးရတယ်တဲ့
ဒါမှကိုယ်ပေးတာကိုတန်ဖိုးထားတာတဲ့ ဒါဆိုရင်လူတိုင်းအပေါ်မှာစေတနာအမြဲတမ်းထားလို့မရဘူးဆိုတဲ့သဘောပေါ့နော်..
ဒါကြောင့်စေတနာသည်လူတိုင်းနှင့်မတန်ဆိုတဲ့စကားပေါ်လာတာနဲ့တူတယ်...
သူများကိုစေတနာထားပြီးတော့လုပ်ပေးတော့ သူများရဲ့စိတ်ကိုနားလည်ပေးတော့
ခေါင်းပေါ်တက်သွားရောတဲ့ အော်လူတွေ လူတွေ ကိုယ်အနိင်ရတော့ပျော်တယ်
ကိုယ်အနိင်ရဖို့အတွက် တခြားလူတစ်ယောက်ကအရှုံးပေးလိုက်လို့ရတယ်ဆိုတာ သူတို့သတိမထားမိကြဘူးလား?
အနိင်ဆိုတာကိုပဲသိပြီးတော့ အရှုံးဆိုတဲ့ဝေါဟာရကိုမေ့နေကြတယ်....
သာတယ်နာတယ်ဆိုတာတွေကိုပဲကြည့်နေကြတယ်.... ဟူး.......sigh

(သိလာတာလေးကိုမျှဝေခြင်းသာဖြစ်သည်) နေသွေးနေ (သူများနာရင်နာပါစေကိုယ်သာဖို့ကြီးပဲ လုပ်နေတဲ့သူအားလုံးကိုဆိုလိုသည်)

အိမ်မက်

ငါအိမ်မက်ထဲမှာ ပျော်ရွှင်မှူတွေရခဲ့တယ်...
ငါအိမ်မက်ထဲမှာ ကြည်နူးမှူတွေရခဲ့တယ်...
ငါအိမ်မက်ထဲမှာ အတူတူရှိခဲ့ကြတယ်...
ငါအိမ်မက်ထဲမှာ လျှောက်လည်ခဲ့ကြတယ်...
ငါအိမ်မက်ထဲမှာ အိမ်မက်တွေမက်ခဲ့ဘူးတယ်...
ငါမနက်ခင်းကိုရောက်မှာတောင် ကြောက်လာတယ်၊ ဘာဖြစ်လို့ညတွေကြီးပဲမဖြစ်ရတာလဲ?
ငါအိမ်မက်ကိုပိုင်ဆိုင်နှိင်ပမလား? ငါ့အိမ်မက်တွေပျောက်ရှလွှင့်စင်သွားမှာလား?
အကယ်၍ပျောက်ရှလွှင့်စင်သွားရင်တောင် ငါမတားရက်ပါဘူး၊
ဘာလို့လဲဆိုတော့ငါအိမ်မက်ကို အရမ်းကိုချစ်မိသွားလို့ပါ........

                                                                       နေသွေးနေ (လွမ်းဆွတ်မှူတွေနဲ့ရေးသားသည်)

ငါ.....

ငါဟာလှေကားတစ်စင်းပါ မင်းဘဝ မြင့်တက်ဖို့ လှေကားကိုသုံးပြီး တစ်ထစ်ချင်းဆီ တက်သွားပါ....
ငါဟာပျဉ်ပြား တစ်ချပ်ပါ မင်းဘဝရှေ့ဆက်လျှောက်ရမယ့်ခရီးမှာ ဆူးခလုတ်တွေ တွေ့ခဲ့ရင် ပျဉ်ပြားကိုခင်းပြီး နင်းလျှောက်သွားပါ....
ငါဟာအမိုးအကာ တစ်ခုပါ မင်းဘဝအေးချမ်းဖို့ အရိပ်တွေရဖို့ အတွက် အမိုးအကာကို သုံးပါ....
ငါဟာဓတ်မီးတစ်လက်ပါ မင်းဘဝရှေ့လျှောက်အလင်းတွေရဖို့အတွက် ဓတ်မီးကိုထွန်းလင်းသွားပါ.....
ငါဟာစဖိုမှုးတစ်ယောက်ပါ မင်းဘဝရှေ့ဆက်လျှောက်ဖို့အတွက် ငါချက်ထားတဲ့အရာတွေစားပြီး အားအင်တွေဖြည့်ပါ....
ငါဟာအိမ်တစ်လုံးပါ မင်းဘဝလုံခြုံမှုအတွက် အိမ်ကိုအသုံးပြုပါ....
ငါဟာလူရွှင်တော် တစ်ယောက်ပါ မင်းဘဝပြုံးပျော်ရွှင်ဖို့အတွက် အသုံးပြုပါ....
ငါဟာရေမွှေးတစ်ပုလင်းပါ မင်းဘဝဂုဏ်သတင်းမွှေးပျံဖို့ ရေမွှေးကို သုံးပါ....
ငါဟာအလှကုန်ပစ္စည်းပါ မင်းဘဝအမြဲတမ်း လှပဖို့အတွက် အသုံးပြုပါ....
လှေကားက သူ့ကိုအသုံးပြုပြီး မြင့်တက်သွားတဲ့သူအတွက် ကျေနပ်နေမှာပါ....
ပျဉ်ပြားက သူ့ကိုအသုံးပြုပြီး အဆင်ပြေသွားတဲ့အတွက် ပျော်ရွှင်နေမှာပါ....
အမိုးအကာက သူ့ကိုသုံးပြီး မင်းဘဝအေးချမ်းသွားတဲ့အတွက် စိတ်ဖြေနိင်မှာပါ....
ဓတ်မီးဆိုတဲ့သဘောက မလိုတဲ့အချိန်မှာ ပိတ်ထားလို့ရတယ် အဲ့ဒီ့အတွက် ဘာမှပြောမှာမဟုတ်ဘူး....
စဖိုမှုးက အမြဲတမ်းသူများအတွက် ချက်ပေးရတဲ့အတွက် သူ့ကိုသူကျေနပ်လေ့ရှိပါတယ်....
အိမ်ဆိုတာက မင်းအပေါ်ကျရောက်မဲ့အန္ဒရာယ် တွေအားလုံးကိုခုခံကာကွယ် ပေးနေတဲ့အတွက် ပျော်ပါတယ်....
လူရွှင်တော်ဆိုတာက သူ့ခံစားချက်ကို ဘယ်တော့မှ အဓိက မထားပဲ သူများပျော်ဖို့ကအဓိကပါ....
ရေမွှေးဆိုတာက သူများတွေအမြဲတမ်းမွှေးနေဖို့က သူ့ရဲ့တာဝန်ပဲလေ.....
အလှကုန်ပစ္စည်းဆိုတာက လိုအပ်တဲ့အချိန်မှာ လှပဖို့အတွက် သူကလုပ်ဆောင်ပေးတယ်....
                                                                                                       နေသွေးနေ

Bank Card

ကျား===> ရော့
မ===> အဲ့ဒါဘာလဲ?
ကျား===> Bank Card
မ===> ဘာလုပ်ဖို့?
ကျား===> Bank ထဲမှာကိုယ်မင်းအတွက် သုံးမကုန်နိုင်တဲ့ ခွင့်လွှတ်ခြင်းတွေ၊ အကြင်နာတွေ၊ မေတ္တာတွေ၊ အချစ်တွေ၊ ယုယမှုတွေ၊ ဂရုစိုက်မှုတွေ ထည့်ထားတယ် မင်းလိုအပ်တဲ့အချိန်တိုင်း ထုတ်သုံးလို့ရတယ်.....
မ===> Bank ကဘယ်မှာလဲ?
ကျား===> ကိုယ့်ဆီမှာ.....
                                                       နေသွေးနေ

အနားမှာ

ငါ...အားနည်းနေတဲ့အချိန်မှာ ဘေးနားကနေ ဖေးမပေးမယ့်လက်တစ်စုံ....
ငါ...စိတ်ညစ်နေတဲ့အချိန်မှာ ဘေးနားကနေ စာနာပေးမယ့်မျက်ဝန်းတစ်စုံ....
ငါ...ဇွတ်တိုးတဲ့အချိန်မှာ ဘေးနားကနေ အားဖြည့်ပေးမယ့်ခြေထောက်တစ်စုံ....
ငါ...မွန်းကျပ်မှုတွေရှိတဲ့အချိန် ဘေးနားကနေ နားထောင်ပေးမယ့်နားတစ်စုံ....
ငါ...မောပန်းနွမ်းနယ်နေတဲ့အချိန် ဘေးနားကနေ ကူညီစောက်ရှောက်ပေးမယ့် စိတ်တစ်စုံ....
ငါ...အမှားတွေကျူးလွန်မိတဲ့အချိန် ဘေးနားကနေ တည့်မတ်စေမယ့် စကားတစ်စုံ.....
(ငါ) ဆိုတဲ့နေရာမှာ (မင်း) ဆိုရင်လည်း မင်းဘေးနားမှာ တစ်စုံပေါင်းများစွာနဲ့ရှိနေမှာပါ.....

                                                                                                       နေသွေး

speaker!!!

သူဟာ မင်းသာယာနေတဲ့အချိန်မှာ သာယာမှုတွေ ပေးတယ်....
သူဟာ မင်းပေါက်ကွဲနေတဲ့အချိန်မှာ မင်းကို ပေါက်ကွဲမှုတွေ ပေးတယ်
တည်ငြိမ်မှုကိုလဲပေးတယ်....
သူဟာ မင်းပျော်ရွှင်ချင်တဲ့ အချိန်မှာ မင်းကို ပျော်ရွှင်မှုတွေ ကိုပေးတယ်....
သူဟာ မင်းပျင်းနေတဲ့ အချိန်မှာ မင်းကိုအပျင်းပြေအောင်လုပ်ပေးနိုင်တယ်....
သူဟာ မင်းစိတ်ညစ်နေတဲ့အခါမှာ စိတ်ကိုပျော်ရွှင်အောင်လဲ လုပ်ပေးနိုင်တယ်
စိတ်ပိုညစ်သွားအောင်လဲလုပ်ပေးနိုင်တယ်....
သူဟာ မင်းစိတ်ဓတ်ကျနေတဲ့အချိန်မှာ စိတ်ဓတ်တက်အောင်လဲ လုပ်ပေးနိုင်တယ်....
သူကို မင်းမလိုအပ်တဲ့အချိန်မှာ မသုံးလို့လဲ မင်းကိုဘာမှမပြောဘူး....
သူ့ရဲ့လုပ်ဆောင်မှုအားလုံးဟာ မင်းရဲ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတာ.....
သူဟာ လူတော်တော်များနဲ့အတူတူ နေနေ ပေမယ့် လူတွေက သူ့ရဲ့တန်ဖိုး(အသုံးဝင်ပုံ)ကို
ဂရုမစိုက်ကျဘူး သူမရှိတော့မှ သူရဲ့တန်ဖိုး(အသုံးဝင်ပုံ) ကိုနားလည်လာကျတာ....

                                                                                                   နေသွေး (အတွေးနယ်ချဲ့သည်)