Thursday, November 25, 2010

မိခင်....

မိခင်ဆိုတာ...
တစ်ခါတုန်းက ကောင်လေးတစ်ယောက်.
သူ့မိခင်ကို သူလုံးဝမကြည်ခဲ့.
အကြောင်းအရင်းကတော့ သူ့မိခင်ရဲ့ ပါးတစ်ဖက်မှာ အမာရွတ်ကြီးတစ်ခုရှိနေခဲ့လို့ပါ.
သူ့မိခင် ကျောင်းကြိုကျောင်းပို့လုပ်တဲ့အခါ သူ့သူငယ်ချင်းတွေက ၀ိုင်းလှောင်ကြတယ်.
သူက သူ့မိခင်ကို လာမကြိုခိုင်းပဲ ကိုယ့်ကိုယ်ကို အသွားအပြန်လုပ်မယ်ဆိုတော့လည်း သူ့မိခင်က သားလေးတစ်ယောက်တည်းကို စိတ်ပူလို့တဲ့.
ဒါနဲ့ သူလည်း လက်လျှော့လိုက်ရတယ်.
ဒါပေမယ့် စိတ်ထဲမှာတော့ သူ့မိခင်ကို သူလုံးဝအမြင်မကြည်ခဲ့ပါဘူး.
သူ့မိခင်ကြောင့် သူအလှောင်ခံ အပြောင်ခံရတယ်လို့ပဲ စိတ်ထဲက နာကြည်းနေတာပေါ့.
ဒါကြောင့်လည်း သူ့မိခင်ရဲ့အမာရွတ်အကြောင်းကို တစ်လုံးတစ်ပါဒမှ မမေးခဲ့ဘူး.
တစ်နေ့မှာတော့.
သူကျောင်းမှာ ဆုရတော့ ဆုပေးပွဲနေ့မှာ သူ့မိခင်နဲ့အတူ ကျောင်းကိုသွားခဲ့တယ်.
ကျောင်းရောက်တော့ ခန်းမထဲဝင်တော့မယ့်ဆဲဆဲမှာ သူ့သူငယ်ချင်းတွေရဲ့မိခင်တွေဟာ သူ့မိခင်လို့ အမာရွတ်မရှိဘဲ ဆုပေးပွဲတက်လာတာတွေ့တော့ သူအားငယ်သွားတယ်.
သူ့မိခင်ကိုလည်း သူနာကြည်းမိတယ်.
အဲ့မှာတင် သူ့မိခင်ကို အထဲလိုက်မ၀င်နဲ့ဆိုပြီး အော်ပြောမိတယ်.
သူ့မိခင်ဟာ ဒီစကားကိုကြားတော့ စိတ်မကောင်းဖြစ်ပြီး ခန်းမထဲကို လိုက်မ၀င်ခဲ့ဘူး.
ဒါနဲ့ ကောင်လေးဟာ ဆုယူပြီးတာနဲ့ ခန်းမထဲက ထွက်လာတဲ့အခါ သူ့မိခင်ကိုမတွေ့တော့ဘူး.
သူလည်း လိုက်မရှာတော့ပဲနဲ့ သူ့အတန်းပိုင်ဆရာမကိုနှုတ်ဆက်ဖို့ အတန်းဆီကိုသွားတယ်.
အတန်းဝရောက်တော့ သူ့ခြေလှန်းတွေ တုန့်ခနဲရပ်တန့်မိတယ်.
ဘာလို့လဲဆိုတော့ သူ့အမေနဲ့ဆရာမနဲ့စကားပြောနေတာကို တွေ့သွားလို့ပါပဲ.
သူ့အမေကိုလည်းတွေ့ရော နောက်ကြောင်းပြန်လှည့်မယ်အလုပ်မှာ.
သူ့အမေပြောတဲ့စကားအချို့ကို ကြားလိုက်ရတယ်.
'ဒီအမာရွတ်ကလား. သားလေး မွေးကင်းစတုန်းကပေါ့. အိမ်မှာ မီးလောင်တော့ သားလေးပေါ်ကို ထုပ်တန်းတစ်ခုကျလာတယ်လေ. အဲ့ဒီမှာ သားလေးထိခိုက်သွားမှာစိုးလို့ ကျွန်မက ၀င်ခံပေးလိုက်ရင်းနဲ့ ဒီပါးပေါ်က အမာရွတ်ကို ရလာတာပါ. အမာရွတ်ရသွားပေမယ့် သားလေးကို ကယ်လိုက်နိုင်တဲ့အတွက် ကျွန်မ ဘယ်တော့မှဝမ်းမနည်းပါဘူး'
ဒီစကားကိုကြားလိုက်ရတဲ့အခါ ကောင်လေးဟာ သူအမှားကြီးမှားသွားခဲ့တယ်ဆိုတာ သိလိုက်ရတယ်.
ဝမ်းနည်းစိတ်၊ နောင်တတွေနဲ့အတူ မျက်ရည်တွေကျမိတယ်.
နောက်ကြောင်းပြန်မယ့် သူ့ခြေလှမ်းကိုလည်း ရပ်တန့်လိုက်ပြီး သူ့မိခင်ရှိရာကို ပြေးသွားတယ်.
နောက်တော့ သူ့မိခင်ကို တင်းတင်းကျပ်ကျပ်ဖက်ရင်း စကားတစ်ခွန်းပြောတယ်.
'အမေ. သားတောင်းပန်ပါတယ်'
'ရပါတယ်. သားရယ်. သားအနေနဲ့လည်း အမေ့ကြောင့် အလှောင်အပြောင်ခံရတဲ့အတွက် စိတ်နာနေမယ်ဆိုတာ အမေနားလည်ပါတယ်'
ဒီနောက်ပိုင်းမှာတော့ သူ့အမေရဲ့အမာရွတ်ကြောင့် သူစိတ်မကောင်းမဖြစ်တော့ပါ. စိတ်လည်းမနာတော့ပါ.
ဘာလို့လဲဆိုတော့ သူ့မိခင်ရဲ့ပါးပေါ်က အမာရွတ်ဟာ သူ့အတွက် စိတ်နာစရာမဟုတ်ဘဲ ဂုဏ်ယူစရာ ဖြစ်သွားလို့ပါ.

ဒီပုံပြင်လေးကတော့ ဆောင်းတို့ ငယ်စဉ်ကတည်းက ဖတ်ခဲ့ဖူးတဲ့ အိပ်ရာဝင်ပုံပြင်လေးတစ်ပုဒ်ပါ.
ပုံပြင်ထဲကမိခင်မှမဟုတ်ပါဘူး. ကမ္ဘာပေါ်မှာ ရှိသမျှ မိခင်တိုင်းဟာ ကိုယ့်သားသမီးတွေကို အချစ်ဆုံးပါ. ကိုယ့်သားသမီးနဲ့ပတ်သက်လာရင် ဘာမဆိုရင်ဆိုင်ဝံ့တဲ့ သူရဲကောင်းတွေပါ. သူတို့ရဲ့ ပုခက်လွှဲတဲ့လက်ဟာ လောကတစ်ခုလုံးကို နွေးထွေးမှုတွေ ပေးစွမ်းနိုင်ပါတယ်. သူတို့ရဲ့ ပုခက်လွှဲတဲ့လက်ဟာ လောကတစ်ခုလုံးကို ကိုင်လှုပ်စေမယ့်လက်အစုံပါပဲ.
  ကျရောက်မည့် မိခင်များနေ့အတွက်ကို ဂုဏ်ပြုလျက်...
ကျွန်တော်ရေးထားခြင်းမဟုတ်ပါ.

1 comment:

  1. Chicken Soup for the Soul,ထဲက... ဖေမြင့်ဘာသာပြန်ထားတာလဲရှိတယ်..

    ReplyDelete