Wednesday, November 24, 2010

သာတယ်... နာတယ်....

ပေးတယ်ဆိုတာကလဲ ပေးချင်တိုင်းလဲပေးလို့မရပါလားနော်.....
လူတွေကရီရတယ် စေတနာရှိလို့ပေးပေး ပေါများလို့ပဲပေးပေး ကူညီချင်လို့ပဲပေးပေး မရှိတဲ့ကြားထဲကပဲပေးပေး
ပေးချင်တိုင်းပေးလို့မရဘူး ခဏခဏပေးနေရင် ယူတဲ့သူကပေးတဲ့သူရဲ့စေတနာကိုမသိကြတော့ဘူး
စေတနာရှိလို့ပေးတဲ့သူအပြစ်ဖြစ်သွားရော... ပေးတဲ့သူကလဲစောက်ပေါကြီးဖြစ်သွားရော...
ရှိရင်လဲမရှိဘူးပြော မရှိရင်လဲမရှိဘူးပဲပြောရတယ်... တခါတလေမှပေးရတယ်တဲ့
ဒါမှကိုယ်ပေးတာကိုတန်ဖိုးထားတာတဲ့ ဒါဆိုရင်လူတိုင်းအပေါ်မှာစေတနာအမြဲတမ်းထားလို့မရဘူးဆိုတဲ့သဘောပေါ့နော်..
ဒါကြောင့်စေတနာသည်လူတိုင်းနှင့်မတန်ဆိုတဲ့စကားပေါ်လာတာနဲ့တူတယ်...
သူများကိုစေတနာထားပြီးတော့လုပ်ပေးတော့ သူများရဲ့စိတ်ကိုနားလည်ပေးတော့
ခေါင်းပေါ်တက်သွားရောတဲ့ အော်လူတွေ လူတွေ ကိုယ်အနိင်ရတော့ပျော်တယ်
ကိုယ်အနိင်ရဖို့အတွက် တခြားလူတစ်ယောက်ကအရှုံးပေးလိုက်လို့ရတယ်ဆိုတာ သူတို့သတိမထားမိကြဘူးလား?
အနိင်ဆိုတာကိုပဲသိပြီးတော့ အရှုံးဆိုတဲ့ဝေါဟာရကိုမေ့နေကြတယ်....
သာတယ်နာတယ်ဆိုတာတွေကိုပဲကြည့်နေကြတယ်.... ဟူး.......sigh

(သိလာတာလေးကိုမျှဝေခြင်းသာဖြစ်သည်) နေသွေးနေ (သူများနာရင်နာပါစေကိုယ်သာဖို့ကြီးပဲ လုပ်နေတဲ့သူအားလုံးကိုဆိုလိုသည်)

No comments:

Post a Comment