Wednesday, November 24, 2010

speaker!!!

သူဟာ မင်းသာယာနေတဲ့အချိန်မှာ သာယာမှုတွေ ပေးတယ်....
သူဟာ မင်းပေါက်ကွဲနေတဲ့အချိန်မှာ မင်းကို ပေါက်ကွဲမှုတွေ ပေးတယ်
တည်ငြိမ်မှုကိုလဲပေးတယ်....
သူဟာ မင်းပျော်ရွှင်ချင်တဲ့ အချိန်မှာ မင်းကို ပျော်ရွှင်မှုတွေ ကိုပေးတယ်....
သူဟာ မင်းပျင်းနေတဲ့ အချိန်မှာ မင်းကိုအပျင်းပြေအောင်လုပ်ပေးနိုင်တယ်....
သူဟာ မင်းစိတ်ညစ်နေတဲ့အခါမှာ စိတ်ကိုပျော်ရွှင်အောင်လဲ လုပ်ပေးနိုင်တယ်
စိတ်ပိုညစ်သွားအောင်လဲလုပ်ပေးနိုင်တယ်....
သူဟာ မင်းစိတ်ဓတ်ကျနေတဲ့အချိန်မှာ စိတ်ဓတ်တက်အောင်လဲ လုပ်ပေးနိုင်တယ်....
သူကို မင်းမလိုအပ်တဲ့အချိန်မှာ မသုံးလို့လဲ မင်းကိုဘာမှမပြောဘူး....
သူ့ရဲ့လုပ်ဆောင်မှုအားလုံးဟာ မင်းရဲ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတာ.....
သူဟာ လူတော်တော်များနဲ့အတူတူ နေနေ ပေမယ့် လူတွေက သူ့ရဲ့တန်ဖိုး(အသုံးဝင်ပုံ)ကို
ဂရုမစိုက်ကျဘူး သူမရှိတော့မှ သူရဲ့တန်ဖိုး(အသုံးဝင်ပုံ) ကိုနားလည်လာကျတာ....

                                                                                                   နေသွေး (အတွေးနယ်ချဲ့သည်)

No comments:

Post a Comment