Wednesday, November 24, 2010

ငါ.....

ငါဟာလှေကားတစ်စင်းပါ မင်းဘဝ မြင့်တက်ဖို့ လှေကားကိုသုံးပြီး တစ်ထစ်ချင်းဆီ တက်သွားပါ....
ငါဟာပျဉ်ပြား တစ်ချပ်ပါ မင်းဘဝရှေ့ဆက်လျှောက်ရမယ့်ခရီးမှာ ဆူးခလုတ်တွေ တွေ့ခဲ့ရင် ပျဉ်ပြားကိုခင်းပြီး နင်းလျှောက်သွားပါ....
ငါဟာအမိုးအကာ တစ်ခုပါ မင်းဘဝအေးချမ်းဖို့ အရိပ်တွေရဖို့ အတွက် အမိုးအကာကို သုံးပါ....
ငါဟာဓတ်မီးတစ်လက်ပါ မင်းဘဝရှေ့လျှောက်အလင်းတွေရဖို့အတွက် ဓတ်မီးကိုထွန်းလင်းသွားပါ.....
ငါဟာစဖိုမှုးတစ်ယောက်ပါ မင်းဘဝရှေ့ဆက်လျှောက်ဖို့အတွက် ငါချက်ထားတဲ့အရာတွေစားပြီး အားအင်တွေဖြည့်ပါ....
ငါဟာအိမ်တစ်လုံးပါ မင်းဘဝလုံခြုံမှုအတွက် အိမ်ကိုအသုံးပြုပါ....
ငါဟာလူရွှင်တော် တစ်ယောက်ပါ မင်းဘဝပြုံးပျော်ရွှင်ဖို့အတွက် အသုံးပြုပါ....
ငါဟာရေမွှေးတစ်ပုလင်းပါ မင်းဘဝဂုဏ်သတင်းမွှေးပျံဖို့ ရေမွှေးကို သုံးပါ....
ငါဟာအလှကုန်ပစ္စည်းပါ မင်းဘဝအမြဲတမ်း လှပဖို့အတွက် အသုံးပြုပါ....
လှေကားက သူ့ကိုအသုံးပြုပြီး မြင့်တက်သွားတဲ့သူအတွက် ကျေနပ်နေမှာပါ....
ပျဉ်ပြားက သူ့ကိုအသုံးပြုပြီး အဆင်ပြေသွားတဲ့အတွက် ပျော်ရွှင်နေမှာပါ....
အမိုးအကာက သူ့ကိုသုံးပြီး မင်းဘဝအေးချမ်းသွားတဲ့အတွက် စိတ်ဖြေနိင်မှာပါ....
ဓတ်မီးဆိုတဲ့သဘောက မလိုတဲ့အချိန်မှာ ပိတ်ထားလို့ရတယ် အဲ့ဒီ့အတွက် ဘာမှပြောမှာမဟုတ်ဘူး....
စဖိုမှုးက အမြဲတမ်းသူများအတွက် ချက်ပေးရတဲ့အတွက် သူ့ကိုသူကျေနပ်လေ့ရှိပါတယ်....
အိမ်ဆိုတာက မင်းအပေါ်ကျရောက်မဲ့အန္ဒရာယ် တွေအားလုံးကိုခုခံကာကွယ် ပေးနေတဲ့အတွက် ပျော်ပါတယ်....
လူရွှင်တော်ဆိုတာက သူ့ခံစားချက်ကို ဘယ်တော့မှ အဓိက မထားပဲ သူများပျော်ဖို့ကအဓိကပါ....
ရေမွှေးဆိုတာက သူများတွေအမြဲတမ်းမွှေးနေဖို့က သူ့ရဲ့တာဝန်ပဲလေ.....
အလှကုန်ပစ္စည်းဆိုတာက လိုအပ်တဲ့အချိန်မှာ လှပဖို့အတွက် သူကလုပ်ဆောင်ပေးတယ်....
                                                                                                       နေသွေးနေ

No comments:

Post a Comment