Wednesday, November 24, 2010

ဖိုးလမင်း

ကောင်းကင်မှာ ဖိုးလမင်းတစင်း ထဲရှိုသလိုပဲ ကိုယ့်ဘဝထဲ မှာလဲ မင်းတယောက်ထဲပဲရှိတယ်
ဖိုးလမင်းက ကြီးမားကျယ်ပြန့်တဲ့ကောင်းကင်ကို အပိုင်စားရထားတယ်
မင်းကတော့ မင်းကိုစကားလုံးသုံးပြီးပြောပြမရအောင်ချစ်တဲ့ ကိုယ့်ရဲ့ဘဝကိုအပိုင်စားရထားတယ်
ကောင်းကင်မှာဖိုးလမင်း မရှိပဲကြယ်တွေကြီးပဲ မပြည့်င်္စုနိုင်သလို
ကိုယ့်ဘဝမှာလဲ မင်းမရှိပဲ ဘယ်လိုလုပ် ပြည့်စုံနိုင်မှာလဲ
ကောင်းကင်ဆိုတာ က အမြဲတမ်းမသာယာ နိုင်ဘူးလေ ဒါပေမယ့် တိမ်ဖုံးတာပဲဖြစ်ဖြစ် လကွယ်နေ့ပဲဖြစ်ဖြစ်
လကိုမမြင်ရတာပဲရှိတယ် ဒါပေမယ့် ဘယ်သူမှ ဖိုးလမင်း မရှိဘူးလို့်ငြင်းလို့မရဘူးလေ
အဲ့ဒီလိုပဲ ဘယ်လိုအခက်အခဲတွေကြုံကြုံ ကိုယ့်ဘဝထဲမှာ မင်းကိုချစ်တဲ့အချစ်တွေ လျော့သွားပြီ မရှိတော့ဘူးလို့
ဘယ်သူမှ ငြင်းလို့မရဘူး
ဖိုးလမင်းကြီးက သူ့အလုပ်ကိုသူလုပ် နေတယ် လူတွေသူ့ကိုတန်ဖိုးထားထားမထားထား ဂရုစိုက်စိုက်မစိုက်စိုက်
ကိုယ်လဲ ကိုယ့်အလုပ် (မင်းကိုအမြဲတမ်းချစ်ဖို့ )ကို လုပ် နေမှာပဲ........
L is for the way you look at me.
O is for the only one to see.
V is very very extraordinary.
E is for everyone that you adore
And Love is all that i can give to you Take my heart but please don't break it Love was meant for you and me
                                          နေသွေးနေ

No comments:

Post a Comment