Wednesday, November 24, 2010

လောက

လောကကြီးမှာ...
ရတာမလို လိုတာမရ
ဖြစ်ချင်တာမဖြစ် ဖြစ်ချင်မှဖြစ် မဖြစ်ချင်တာဖြစ်
ရှိနေတုံးအချိန်မှာကျတော့ဂရုစိုက်ဖို့ဝေးစွ ထွတ်သွားတဲ့အခါကျမှထွတ်သွားတဲ့သူအပြစ်တဲ့
ပေးတော့တန်ဖိုးမထား မပေးတော့လိုချင်
ပေးတော့ပိုလိုချင်တယ် မပေးနိုင်တော့ မပေးနိုင်တဲ့သူအပြစ်တဲ့
ကိုယ်လုပ်လိုက်လို့ဒုက္ခရောက်သွားတော့မတော်တဆတဲ့
သူများလုပ်လိုက်တာကျတော့အညိုးထားထားတယ်
ကိုယ်ကျတော့ရရင်ပျော်လို့ သူများကျတော့လောဘကလဲကြီးလိုက်တာတဲ့
ကိုယ်လုပ်ချင်တာလုပ်လိုက်ရရင်တော့ကောင်းတယ် သူများလုပ်တော့မစဉ်စားမခြင့်ချိန်တဲ့
ကိုယ်ကသိလို့ပြောပြတော့ရှင်းပြတယ် သူများကျတော့ဆရာလာလုပ်နေတယ်တဲ့
ငါကျတော့မှန်တယ် ငါမဟုတ်တဲ့တခြားသူရောမမှန်နိုင်ဘူးလား?
ကိုယ်ကမှားတော့ဆောရီးပါ သူများကမှားတော့ဆောရီးလောက်နဲ့ကျေနပ်ရမှာလားတဲ့
ကိုယ်ဆိုတဲ့စကားကိုကျတော့သိပြီးတော့ ဘာလို့နောက်ကစာနာတယ်ဆိုတဲ့စကားကိုမသိရတာလဲ?
ယူတယ်ဆိုတာသိပြီးတော့ဘာလို့ ပေးတယ်ဆိုတဲ့စကားကိုရောငယ်ငယ်တုံးကမသင်ခဲ့ရဘူးလား?
တယူသန်ဆို တာကျတော့သင်စရာတောင်မလိုဘူး သူ့အလိုလိုသိနေကျတယ်နော်
အတ္တဆိုတဲ့ပါဠိစကားတောင် ပါလိုက်သေး သင်စရာမလိုတဲ့အထဲမှာ..
ခွင့်ဆိုတာကိုကျတော့ကိုယ်ပင်ပန်းရင်သုံးပြီးတော့ ဘာလို့လွှတ်ဆိုတဲ့စကားပါတွဲပြီး
ခွင့်လွှတ်ပါတယ်ဆိုတဲ့စကားကျတော့သုံးဖို့မေ့နေကျတယ်နော်....
လောကကြီးမှာအဲ့ဒါတွေနဲ့ လိုက်လျောညီထွေနေနိုင်ရင် လောကကြီးထဲမှာနေရတာ
တော်တော်အဆင်ပြေမှာပါ ကျွန်တော်ကတော့အခုထိကြိုးစားနေဆဲပဲ....
နေသွေးနေ

No comments:

Post a Comment