Thursday, November 25, 2010

မွေးရာပါ..

လူတိုင်းမှာ အတိတ်၊ ပစ္စုန်ပ္ပန် နဲ့ အနာဂတ်ကိုယ်စီရှိကြတယ်...
အတိတ်ဆိုတာက လေ့လာသင်ယူရန် နှင့် နောက်ထပ်မမှားရန် သင်ခန်းစာ...
ပစ္စုန်ပ္ပန်ဆိုတာက အမှားများကို အတိတ်နှင့် အနာဂတ်တွင်
ထပ်မတိုးအောင် နှင့် ထပ်မဖြစ်အောင် လုပ်ရသော သင်ခန်းစာ...
အနာဂတ်ဆိုတာက အမှားများကို ထပ်မလုပ်အောင် စီစဉ်တွေးတောရသော သင်ခန်းစာ...
ဒါပေမယ့် လူတွေက အတိတ်မှာ နေဖို့ ဒါမှမဟုတ် အနာဂတ်မှာ နေဖို့ပဲ စဉ်းစားကြတယ်
ပစ္စုန်ပ္ပန်မှာတော့ နေဖို့မေ့နေကြတယ် ပစ္စုန်ပ္ပန်ကနေပြီး အတိတ်ကိုရော
အနာဂတ်ကိုရော ဇောက်ထိုးဖြစ်သွားအောင် လုပ်နိုင်တယ်ဆိုတာကို သတိမရကြဘူး...
ပစ္စုန်ပ္ပန်ကနေပြီး အတိတ်ရော အနာဂတ်ရော ဖြစ်သွားတယ် ဆိုတာကိုသတိမရကြဘူး...
ပစ္စုန်ပ္ပန်မှာသာ လူတွေနေကြမယ်ဆိုရင် စိတ်ကြေနပ်မှုတွေ ရကြပါလိမ့်မယ်...


 နေသွေးနေ (ဟောဗျာ ကျွန်တော် ဒီစာရေးနေတာတောင် အတိတ်ဖြစ်သွားပြီ....)

No comments:

Post a Comment