Thursday, December 2, 2010

ကောသလမင်းကြီး၏အိမ်မက် (၁၆) ချက် (သို့) ကမ္ဘာပျက်ဆီသို့?

၁။ နန်းယင်ပြင်ရှေ့တွင် နွားနက်ကြီး (၄)ကောင် ဝှေ့မည်ဟန်ပြုပြီးမှ မဝှေ့ပဲ ရှောင်လွှဲသွားကြသည် ဟုမြင်မက်ပုံ။
အဓိပ္ပာယ်။ တရားမစောင့်သော လူတို့လက်ထက် ထွန်ယက်စိုက်ပျိုးချိန်မှာ မိုးရွာမည့် ဟန်ဆင်ပြီးမှ မရွာပဲပျောက်ကွယ်သွားခြင်း။
၂။ ငယ်ရွယ်သောသစ်ပင်တို့သည် အရွယ်နှင့်မမျှအောင် အသီးများ သီးကြကုံ၏ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ ကိလေသာရာဂ ထူပြော၍ အရွယ်မရောက်ခင် အိမ်ထောင်ပြု၍ ကလေးများရခြင်း။
၃။ နွားမကြီးတို့သည် မွေးကင်းစ နွားကလေးတို့၏ နို့ကိုစို့ကြသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ ဂါရဝတရား ပျက်ပြားသော ကာလ၌သားသ္မီးငယ်တို့ထံ မိဘများ ရိုကျိုးခိုကပ်နေရခြင်း။
၎။ ခွန်အားဗလ ပြည့်စုံသော နွားကြီးများကိုပယ်ပြီး နုပျိုသောနွားငယ်များကို ဝန်အကြီးကြီးများတင်ခါ ရုံးစေသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ နောင်အခါကြီးသော အမှုကိစ္စတာဝန်များအား လူကြီးများကိုပယ်ပြီး ငယ်ရွယ်သူတို့ကိုသာ ကျဉ်းကျပ်ဆုံးဖြတ်စေလိမ့်မည်ဟု ဟောပြောခြင်း။
၅။ ဦးခေါင်း နှစ်လုံးရှိသော မြင်းသည်နှစ်ဘက်သော ဦးခေါင်းနှင့် အစာစားသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ နောင်အခါတွင် တရားစီရင်သောဋ္ဌာနများရှိ နှစ်ဦးထံမှလပ်ယူပြီး ထင်ရာမြင်ရာကို ဆုံးဖြတ်လိမ့်မည်ဟု ဟောပြောခြင်း။
၆။ အဖိုးတန်လှသော ရွှေခွက်ထဲသို့ ကျင်ငယ်စွန့်ပါလော့ဟု မြေခွေးအား အားပေးသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ ဆုတ်ယုတ်သောကာလတွင် အမျိုးမမှန်သော်လဲ အဖိုးတန် သ္မီးရတနာကို သိမ်းယူရန် တုပ်ခါဆက်သရလိမ့်မည်ဟု ဟောပြောခြင်း။
၇။ ကျစ်ဆဲဖြစ်သော ကျိုးလွန်အဖျားကို မြေခွေးငယ်က ခိုး၍စားနေသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ နောင်အခါတွင် အမျိုးသ္မီးတို့သည် ကိုယ်ကျင့်တရား ပျက်၍ဆိတ်ငြိမ်ရာဋ္ဌာန၌ ငယ်ရွယ်သူတို့နှင့် ပျော်မြူး လိမ့်မည်ဟု ဟောပြောခြင်း။
၈။ လူတို့သည် ရေမရှိသောအိုးငယ်များ ရံသော ရေအပြည့်ရှိသောအိုးကြီးကိုသာ ရေလောင်းကြသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ မိမိတို့တွင် ရိက္ခာမပြည့်စုံသော်လည်း ကိုယ်ပိုင်ပစ္စည်းကို အာဏာပိုင်တို့ထံ ပို့ဆောင်ပေးကြရလိမ့်မည်ဟု ဟောပြောခြင်း။
၉။ အနားကြည်၍ အလယ်နောက်သော ရေကန်၌ သတ္တဝါများ ရေသောက်ကြသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ နောင်အခါမြို့ရွာအလယ်၌ အခွန်နှိပ်စက်လွန်း၍ မြို့စွန်ရွာဖျားသို့ ပြောင်းရွှေ့နေကြလိမ့်မည်ဟု ဟောပြောခြင်း။
၁၀။ တအိုးတည်း၌ ချက်ထားသောထ္မင်းသည် ပျော့လွန်း မာလွန်း သင့်ရုံဟူ၍ သုံးမျိုးသုံးစား ကျက်သည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ တရားပျက်သော ကာလတွင် မိုးကွက်ကြားရွာခြင်းကြောင့် လယ်ယာညံ့ခြင်း၊ ဖျင်းခြင်း၊ ကောင်းခြင်းဟု သုံးမျိုးသုံးစား ကွက်ကြားသီးပွင့်မည်ဟု ဟောပြောခြင်း။
၁၁။ အဖိုးတန်သော စန္ဒကူး၊ ပတ္တမြား၊ စိန်တို့ကို ရက်တက်ပုတ်ရည်နှင့် လဲစားသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ တရားပျက်သောကာလတွင် မြတ်ဘုရား၏ တရားတော်ကို ပစ္စည်းဥစ္စာရရှိရန် ရည်မှန်း၍ လှည့်လည်ဟောပြောလိမ့်မည်ဟု ဟောပြောခြင်း။
၁၂။ အချည်းနှီးသော ဗူးတောင်းတို့သည် ရေလယ်၌ နစ်မြုပ်ကြသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ နောင်ကာလများတွင် အနှစ်မရှိ သူယုတ်တို့၏ စကားကိုသာ လူများနှစ်သက်၍ လက်ခံအတည်ပြုလိမ့်မည်ဟု ဟောပြောခြင်း။
၁၃။ မြွေကြီးကို ဖားငယ်က ကိုက်ဖြတ်စားသောက်နေသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ နောင်အခါကိလေသာအလိုကိုလိုက်၍ မိမိထက်ငယ်ရွယ်သူတို့နှင့် ပေါင်းသင်းနေထိုင်ခြင်းကြောင့် အနိုင်ခံရလိမ့်မည်ဟု ဟောပြောခြင်း။
၁၄။ ကျောက်ဖျာကြီးသည် လှေအသွင်ကဲ့သို့ ရေပြင်အလယ်၌ ပေါ်နေသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ ဆုတ်ယုတ်သောကာလတွင် သူတော်ကောင်းတို့၏ စကားကို လူတို့မနှစ်မြို့ပဲ ရှောင်လွှဲပါယ်စွန့်ကြလိမ့်မည်ဟု ဟောပြောခြင်း။
၁၅။ ယုတ်မာသော ကျီးကို ရွှေဟင်္သာံများက ခြံရံနေကြသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ တရားပျက်ချိန်၌ အကျင့်တရားနှင့် ပြည့်စုံသော သူတော်ကောင်းတို့သည် သူယုတ်မာထံ မှီခိုခယ၍ နေကြရလိမ့်မည်ဟု ဟောပြောခြင်း။
၁၆။ ကျားသစ်တို့ကို ဆိတ်များက လိုက်လံကိုက်သတ်စားကြသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ နောင်ကာလ၌ သူယုတ်မာတို့သည် မင်းမျှောင်စိုးကပ်ပြုလုပ်၍ သူတော်ကောင်းများကို ညှင်းပန်းနှိပ်စက်ကြလိမ့်မည်ဟု ဟောပြောခြင်း။
အထက်ပါ (၁၆) ချက်သည် ကောသလမင်းကြီး မက်ခဲ့သော အိမ်မက်များဖြစ်သည်။ ကောသလမင်းကြီးမက်ခဲ့သော အိမ်မက်များ တကယ်သာဖြစ်လာခဲ့ရင် ကျွန်တော်တို့ ကမ္ဘာကြီးတော့ မတွေးရဲ စရာအခြေအနေကို ရောက်သွားပါလိမ့်မယ်။ အခုလဲ ကောသလမင်းကြီးရဲ့ အိမ်မက်ထဲက တစ်ချို့အချက်တွေတောင် မှန်နေကြပါပြီ။ ကောသလမင်းကြီးရဲ့ အိမ်မက်တွေရဲ့ အခြေခံတဲ့ အချက်ကတော့ သီလ သမာဓိ တွေမြဲကြဖို့ပါပဲ။ သီလ သမာဓိ တွေသာမြဲမယ်ဆိုရင် ကောသလမင်းကြီးရဲ့ အိမ်မက်တွေကိုလည်း ကြောက်စရာ မလိုတော့ပါဘူး။ ကျွန်တော် ကြားဖူးတာလေးတစ်ခုကိုလည်း ဝေမျှချင်ပါသေးတယ် အဲ့ဒါကဘာလဲဆိုတော့ တူလေးတူ တူရင် ကမ္ဘာပျက်မည် ဆိုတာပါပဲ။ အဲ့ဒီ တူလေးတူတွေကတော့
၁။ ယောင်္ကျာံးလေး နဲ့ မိန်းကလေးတူရင်
၂။ ဘုန်းကြီးကျောင်းနဲ့ အိမ်တူရင်
၃။ ဘုန်းကြီးနဲ့ လူတူရင်
၎။ ပုဆိုး နဲ့ ထမိန် တူရင်၊ အဲ့ဒီ့ (၄)ချက်စလုံးတူရင် ကမ္ဘာပျက်ကိန်း ရှိတယ်လို့တော့ ကြားဖူးတာပဲ ဟုတ်မဟုတ်တော့ ကျွန်တော်လဲ မပြောတက်ဘူး။
ကောသလမင်းကြီး၏အိမ်မက် (၁၆)ချက်ရဲ့ မူရင်းကို download လုပ်ချင်တဲ့သူတွေအတွက် အောက်ကလင့်(ခ်)မှာ လုပ်နိုင်ပါတယ်။
http://www.burmeseclassic.com/book_download_3.php?file=1220 download book here ဆိုတဲ့နေရာမှာ download လုပ်နိုင်ပါတယ် ခင်ဗျာ။

No comments:

Post a Comment