Friday, January 7, 2011

စိတ်ထားတတ်ဖို့အရေးကြီးတယ်.....

စေတနာ သည် လူတိုင်းနဲ့
မတန်သည် မဟုတ်
လူတိုင်းနဲ့ တန်တဲ့
စေတနာမျိုး
ထားနိုင်ဖို့သာ လိုအပ်ပါတယ်.။ ။
...~ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မသင့်တော်တဲ့ နေရာကို
ရောက်ခဲ့ရင်တောင်မှ
သင့်တော်တဲ့ အကျင့်တွေ
မဖျောက်ပစ်ပါနဲ့
~ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

အသိပေးဆုံးမပေးမည့်သူကို ..
ရှာသင့်ပေမယ့်
ကိုယ်စကားနားထောင်မည့် သူကိုပဲ
ရှာနေကြတယ်။
~ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ရေအိုးစင်က ရေသောက်ရတဲ့အခါ
သစ်ပင်ရိပ်မှာ နားခိုရတဲ့အခါ
ကျေးဇူးရှင်ဟာ ရေအိုးလား? ရေဖြည့်ပေးသူလား?
အခက်အရွက်လား? ပင်စည်လား?
~ဓမ္မဘေရီဆရာတော် (တောင်စွန်း)

အဆင်ပြေတာ မပြေတာထက်
နေသာဖို့က အရေးကြီးပါတယ်
နေတတ်ရင် နေသာပါတယ်။
~ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

လုပ်သင့်တာကို မလုပ်မိရင်
မလုပ်သင့်တာတွေ လုပ်မိနေတတ်တယ်.
~ဓမ္မဒူတ ဆရာတော် (မှော်ဘီ)
ဆရာတော် ဓမ္မဒူတ ဆရာတော် (မှော်ဘီ) ရဲ့ ဆုံးမစကားလေးတွေပါ ကောင်းလို့ ကျွန်တော်ဝေမျှပေးလိုက်ပါတယ်....

No comments:

Post a Comment